MMANIME

Miyuki Sawashiro

World Witches Take Off! 1
World Witches Take Off! $#M712006ScriptRootC1135055 {min-height: 300px;}$ ကမ္ဘာမြေပြင်ပေါ် ခွင့်ပြုချက်မရှိပဲ ကျူးကျော်၀င်ရောက်လာတဲ့ လူသားတွေရဲ့ရန်သူ Neuroi ကိုချေမှူန်းဖို့အတွက် စွမ်းအားရှိတဲ့စုန်းမတွေနဲ့ ပေါင်းပြီး မဟာမိတ်ဖွဲ့ထားခဲ့ကြတယ်။ ဒါပေမယ့် ထူးဆန်းစွာပဲ Neuroi တွေပျောက်ခြင်းမလှ ပျောက်နေခဲ့ကြတယ်။ စုန်းမတွေက တိုက်ခိုက်နေရမယ့်အစား နေ့ရက်တိုင်းကို ပျင်းရိစွာနဲ့ ဖြတ်သန်းနေကြရတယ်။ ဒီတစ်ကြိမ်မှာတော့ 501 အဖွဲ့သားတွေသာမကပဲ "Brave witches"လို့လူသိများတဲ့ 502 အဖွဲ့သားတွေပါ ပါ၀င်လာမှာမလို့ ရှေ့ဆက်ဘယ်လိုအခက်အခဲမျိူးတွေ ရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာ ဒီ(world witches Hasshin Shimasu)စီးရီးလေးကို စောင့်မျှော်ပေးကြပါဦး။ cutieလေးတွေ အများကြီးလည်း ပါပါတယ်   [Episode 1]   $#M712006ScriptRootC1135054 {min-height: 300px;}$
1
TMDb: 1/10 1 votes
tv

World Witches Take Off!

2021
Monogatari 8
Monogatari Bakemonogatari Review ဒီanimeကတော့ တော်တော်လည်းနာမည်ကြီးသလို ဇာတ်လမ်းကလည်းသူများတွေနဲ့မတူတဲ့ ဇာတ်လမ်းလေးပါ။ Araragi Koyomiဆိုတဲ့ တတိယနှစ် အထက်တန်းကျောင်းသားတစ်ယောက်ပေါ့။ သူကသွေးစုပ်ဖုတ်ကောင်ကနေ မကြာသေးခင်ကမှ လူနီးပါးအဖြစ်နေထိုင်လာနိုင်တဲ့သူပါ။ တစ်နေ့မှာ ဘယ်သူနဲ့မှလည်းစကားမပြောဖူး လူလည်းသိပ်မသိတဲ့အတန်းဖော် Senjougahara Hitagi ဆိုတဲ့မိန်းကလေးက ရုတ်တရက်ဆိုသလို လှေကားပေါ်ကပြုတ်ကျပါတယ်။ ဒါပေမယ့်Koyomiကအမိအရဖမ်းလိုက်နိုင်ပါတယ်။ အဲ့မှာKoyomiဟာ Hitagiကိုသတိထားမိသွားပါတယ်။ ဘာလဲဆိုတော့ သူ့ရဲ့ခန္ဓာကိုယ်မှာ အလေးချိန်မရှိသလောက်ကို ပေါ့နေလို့ပါပဲ။ သူ့ဆီမှာပြဿနာတစ်ခုခုရှိနေတာသိလို့ Koyomiကသူ့ကိုလိုက်လိုက်လျောလျောကူညီလိုက်ပါတယ်။ ဘယ်လိုကူညီလဲဆိုတော့ Koyomiကိုသွေးစုပ်ဖုတ်ကောင်အဖြစ်ကနေ လူတစ်ယောက်လိုနေနိုင်ဖို့အထိ ကူညီပေးခဲ့တဲ့ Oshino Memeဆိုတဲ့ အသက်လတ်ပိုင်း အိမ်ခြေမဲ့သူဆီကို Hitagiကိုခေါ်သွားပေးခဲ့တာပါ။ Hitagiကဘာပြဿနာတွေရှိနေလို့Koyomiကကူညီရတာလဲ။ Koyomiကကော တကယ့်လူသားစစ်စစ်လိုဖြစ်နေပြီလားဆိုတာကတော့... စောင့်မျှော်အားပေးလိုက်ကြပါဦးခင်ဗျာ Bakemonogatari Episode 1 Episode 2 Episode 3 Episode 4 Episode 5 Episode 6 Episode 7 Episode 8  
8
TMDb: 8/10 230 votes
tv

Monogatari

2009
Dragon’s Dogma 7.2
Dragon’s Dogma Dragon's Dogma ---------------------------------------   Dragon's dogma ကတော့ CAPCOM ရဲ့နာမည်ကြီး RPG ဂိမ်းတစ်ခုကိုအခြေခံပြီး Netflix ရဲ့ original anime series(ONA) အနေနဲ့ထုတ်လွှင့်မှာဖြစ်ပါတယ် အပိုင်းကတော့ ခုနှစ်ပိုင်းပဲထွက်ရှိမှာပါ Genre ကတော့ Action, Adventure, Fantasy ပဲဖြစ်ပါတယ်   ဇတ်လမ်းကတော့လူတစ်ယောက်ရဲ့နှလုံးသားကိုနဂါးတစ်ကောင်ကခိုးယူသွားခဲ့ပါတယ် ဒါပေမယ့်သူဟာ Arisen တစ်ယောက်အဖြစ်ပြန်လည်ရှင်သန်ခဲ့ပါတယ် သူ့ရဲ့နှလုံးသားကိုခိုးယူသွားခဲ့တဲ့နဂါးကိုလက်စားချေဖို့လိုက်ရှာဖွေနေတာပါ နဂါးကိုလိုက်ရှာရင်းနဲ့ လူသားတွေရဲ့အပြစ်ခုနှစ်မျိုးကိုကိုယ်စားပြုတဲ့ demon တွေကိုလဲရင်ဆိုင်ကြုံတွေ့ရမှာပါ   #LCAM   Episode 1   Episode 2   Episode 3   Episode 4   Episode 5   Episode 6   Episode 7   --End--
7.2
TMDb: 7.2/10 12 votes
tv

Dragon’s Dogma

2020
Devils Line 6.6
Devils Line Devils Line မကောင်းဆိုးဝါးတွေဟာလူတွေကြားမှာမသိမသာရောနေနေကြတယ်။သူတို့အသက်ရှင်ဖို့ကလည်းသွေးကိုလိုအပ်တယ်။ဒါပေမယ့်သူတို့သွေးဆာခြင်းကိုထိန်းချုပ်မရတဲ့အချိန်၊သွေးမြင်လိုက်ရတဲ့အချိန်မှာတော့သူတို့ဟာမကောင်းဆိုးဝါးအဖြစ်ပြန်ပြောင်းသွားရတယ်။ဆုကာဆာ တိုင်ယာဟာအသက်၂၂နှစ်ရှိပြီဖြစ်တဲ့တက္ကသိုလ်ကျောင်သူလေးပါ။တစ်နေ့သူ့သူငယ်ချင်းနဲ့နှစ်ယောက်တည်းရှိတဲ့အချိန်မှာယူကီ အန်ဇန်ဆိုတဲ့လူတစ်ဝက်မကောင်းဆိုးဝါးတစ်ဝက်ဖြစ်နေတဲ့လူဟာသူ့သူငယ်ချင်းကိုရုတ်တရက်ဝင်တိုက်ခိုက်ခဲ့တယ်။သူ့သူငယ်ချင်းကိုဖမ်းခဲ့တယ်။အမှန်တရားကိုသိရှိပြီးနောက်မှာတော့ဆုကာဆာဟာမကောင်းဆိုးဝါးတွေအကြောင်းကိုစိတ်ဝင်စားလာခဲ့တယ်။အန်ဇန်ဟာဆုကာဆာရဲ့သွေးကိုမသောက်မိအောင်ထိန်းချုပ်ရင်းပုံမှန်မဟုတ်တဲ့အချစ်ဇာတ်လမ်းလေးကိုစိတ်ဝင်တစားတွေ့ရှိရမယ်animeမျိုးပါ။   Episode1 Episode2 Episode3 Episode4 Episode5 Episode6 Episode7 Episode8 Episode9 Episode10 Episode11 Episode12
6.6
TMDb: 6.6/10 9 votes
tv

Devils Line

2018
Granblue Fantasy: The Animation 7
Granblue Fantasy: The Animation ဒီ anime မှာဇာတ်လမ်းကို base လုပ်ထားတာ နည်းနည်းထူးဆန်းပါတယ်။ ကောင်းကင်ကျွန်း တနည်းအားဖြင့် လေပေါ်ပျံနေတဲ့ island တွေပြည့်နှက်နေတဲ့ ကမ႓ာကြီးဖြစ်ပါတယ်။ Gran ဆိုတဲ့ Zinkenstill မှာနေတဲ့ကောင်လေးဟာ တစ်နေ့မှာ Lyrai(လိုင်ယာ) ဆိုတဲ့ ထူးဆန်းတဲ့ကောင်မလေးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့ပါတယ်။ထိုလိုင်ယာဆိုတဲ့ကောင်မလေးဟာ တစ်ကယ်တော့ Erste အင်ယာစစ်အစိုးရ လက်ထဲကနေထွက်ပြေးလာခဲ့တဲ့ စမ်းသပ်ခံတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ အင်ပါယာလက်ထဲကနေ လွတ်မြောက်အောင် Gran ဟာ လိုင်ယာကိုကူပေးရင်း ကျယ်ပြန့်လှတဲ့ ကောင်းကင်တစ်ခွင်ဆီကိုခရီးဆန့်ကြကာ Gran အဖေ ချန်ထားခဲ့တဲ့ " ကြယ်များရဲ့ကျွန်း,Estalucia ကျွန်းမှာငါစောင့်နေမယ်" ဆိုတဲ့စာအတိုင်းစွန့်စားမှု့တွေကိုဖြတ်သန်းရင်း ရောက်သွားကြမလား… ဆိုတာကို page မှာ ဆက်လက်စောင့်ကြည့်ကြပါ။ Season 1 ep 01 ep 02 ep 03 ep 04 ep 05 ep 06 ep 07 ep 08 ep 09 ep 10 ep 11 ep 12 ep 13 (final) Season ...
7
TMDb: 7/10 14 votes
tv

Granblue Fantasy: The Animation

2017
Noragami 7.7
Noragami Review - (Anime dreamies) Yato (ယတို) လို့ခေါ်တဲ့ နတ်ဘုရားတစ်ပါး သူက သူများတွေလို နာမည်ကြီးတဲ့ နတ်တော့မဟုတ်ဘူး.. လူတွေရဲ့ဆုတောင်းကြောင့်ဖြစ်လာရတဲ့ စစ်နတ်ဘုရား။ မထင်မရှား နတ်တစ်ပါးဖြစ်တဲ့ အတွက် လောဆယ်သူ့အခြေအနေက ဆင်းရဲမွဲတေလျက်.နေစရာနတ်နန်းတောင်မရှိတဲ့ ခြေသလုံးအိမ်တိုင်ဘဝလေး... လူတွေရဲ့ ဆုတောင်းကို ယန်းငါးပြားထဲနဲ့ လိုက်ဖြည့်ဆည်းပေးနေရတဲ့ကာလပေါ့ နတ်ဘုရားတွေမှာ Shinki လို့ခေါ်တဲ့ လက်သုံးတော်(သေဆုံးပြီးသားဝိဥာဉ်)တွေရှိတယ်.. တစ်နည်းအားဖြင့် သူတို့တိုက်ခိုက်နိုင်တဲ့ လက်နက်တော်ပေါ့... အဲ့လက်သုံးတော်မရှိရင် နတ်ဘုရားတွေက တစ္ဆေတွေကို မနှိမ်နင်းနိုင်ဘူး။ တစ်နေ့မှာ ကြောင်လေးတစ်ကောင်ပျောက်လို့ရှာပေးပါဆိုပြီးကလေးတစ်ယောက်ကဆုတောင်းတယ်.. အဲ့မှာ Yato က ဆုတောင်းဖြည့်ပေးဖို့ကြောင်ပျောက်ရှာနေတဲ့အချိန်မှာ ကားတိုက်ခံရမလိုဖြစ်တယ်..(တကယ်က တိုက်ခံရလဲမသေဘူး Yato က နတ်ကိုး) အဲ့ဒါကိုမြင်လိုက်တဲ့ Hiyori (ဟီယိုရီ) လို့ခေါ်တဲ့ ကောင်မလေးက Yato ကိုကယ်ဖို့ကြိုးစားရာကနေ ကားအက်ဆီးဒင့်ဖြစ်သွားရော... Accidient နောက်ပိုင်းမှာကောင်မလေးက လိပ်ပြာခဏခဏလွင့်လေ့ရှိပြီး တမလွန်နဲ့ လူ့ဘုံနှစ်ခုနှစ်ခုကြားကို တစ်ချိန်တည်းမှာ တည်ရှိနေနိုင်တဲ့ ဝိဥာဉ်တစ်ခုဖြစ်လာတယ်... ငမွဲနတ်ဘုရား Yato နဲ့ပတ်သတ်မိတဲ့ ဟီယိုရီလေးရယ် နောက်ထပ်ရောက်လာမဲ့ Yukine (ယူကီနဲ) လို့ခေါ်တဲ့ လက်သုံးတော်ကောင်လေးရယ် သူတို့သုံးယောက်ကြားက သံယောဇဉ်ကြိုးလေးတွေအကြောင်း စိတ်၀င်စားစရာ ဟာသတွေနဲ့ကြည့်ရမှာပါ။တိုက်ခန်းခိုက်ခန်းတွေလဲပါပါတယ်။   Season 1 Full Episode Links       Season ...
7.7
TMDb: 7.7/10 81 votes
tv

Noragami

2014
Yamada-kun and the Seven Witches 8.4
Yamada-kun and the Seven Witches -- ဇာတ်လမ်းအကျဉ်း -- ယာမာဒါ ရုတစ်ယောက် အထက်တန်းကျောင်းရောက်လာတော့ ဘဝသစ်စတင်ပြီးတော့ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး ကျောင်းသားဘဝကိုဖြတ်သန်းချင်ခဲ့တယ်။ ဒါ့ကြောင့်ပဲ ကြမ်းတမ်းတဲ့ ဆိုးသွမ်းလူငယ် ဆိုတဲ့ဂုဏ်ပုဒ်ကို လူမသိလောက်တဲ့ ဆူဇာကုအထက်တန်းကျောင်းကိုတက်ဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် သူ့ကိုချဉ်တဲ့သူတွေများလာကြောင့် နောက်ပိုင်း စိတ်ပျက်စရာဖြစ်လာခဲ့တယ်။ ယခုဒုတိယနှစ်မှာလဲ သူဟာယခင်အတိုင်းပဲ အတန်းထဲမှာ ဆိုးဆိုးဝါးဝါးအဆင့်နဲ့ လမ်းပေါ်ရန်ပွဲတွေနဲ့ပဲ နှစ်ပါးသွားနေတော့တယ်။ တစ်ရက်မှာတော့ ကျောင်းရုံးခန်းထဲကိုရောက်ပြီးတဲ့နောက် စာတော်ပြီးချောမာလှပတဲ့ ရှီရအိချိ အူရာရာနဲ့တွေ့ဆုံခဲ့တယ်။ သူတို့နှစ်ယောက် လှေကားပေါ်ကနေခြေချော်ကျပြီး အလဲလဲအကွဲကွဲဖြစ်ပြီးတဲ့နောက် အမှတ်မထင် နမ်းမိသွားတယ်။ သူတို့နှစ်ယောက်ဟာ နမ်းလိုက်ရုံနဲ့ခန္ဓာကိုယ်ချင်းလဲလှယ်နိုင်ကြောင်း တွေ့ရှိခဲ့ပြီးနောက် ၎င်းအစွမ်းကပင် သူတို့မှာ ပြဿနာတွေ၊ အဆင်မပြေမှုတွေ ဝိုင်းဝိုင်းလည်နေကြောင်းကို သက်သေပြလိုက်လေသည်။ သူတို့ရဲ့အစွမ်းကို ရိပ်မိသွားတဲ့ ကျောင်းသားကောင်စီနဲ့ သဘာဝဖြစ်ရပ်ဆန်းလေ့လာရေးအသင်းရဲ့ တစ်ဦးတည်းသောအသင်းဝင် မီယာမူရာ တိုရာနိုဆူကဲက သူ့အသင်းထဲသွတ်သွင်းပါတော့တယ်။ နောက်ပိုင်းမှာတော့ အများနှင့်မတူဘဲ သဘာဝဖြစ်ရပ်ဆန်းတွေကိုမှ စိတ်ဝင်စားတတ်တဲ့ အီတိုအု မီယာဘီ ကပါအသင်းထဲဝင်လာခဲ့ပြီး ဆူဇူကာအထက်တန်းကျောင်းရဲ့ ...
8.4
TMDb: 8.4/10 35 votes
tv

Yamada-kun and the Seven Witches

2015
Corpse Party: Tortured Souls 6.6
Corpse Party: Tortured Souls Corpse party, tortured souls ....................................... IMDb 7/10ထိရထားတဲ့ ၁၈+animeတကားနဲ့မိတ်ဆတ်ပေးပါရစေ ၁၈+ဆိုလို့ဟိုအခန်းဒီအခန်းတွေပါလို့လို့မထင်ပါနဲ့ ပြတာကြီးတွေကသောက်တမုန်းကြမ်းတမ်းဆိုးရွားလွန်းလို့ကလေးတွေမကြည့်သင့်တဲ့ ၁၈+လို့သတ်မှတ်ရခြင်းဖြစ်ပါတယ် ကျနော်သိသလောက်စစချင်းPsPဂိမ်းမှာစတွေ့ဖူးတာပါ ဂိမ်းတအားနာမည်ကြီးသွားလို့Animeဆက်ထုတ်တာလို့ထင်ပါတယ် Animeကလည်း Anotherလိုပဲ ကြောက်စရာအကောင်းဆုံးAnimeဆယ်ကားမှာပါနေဆဲပါ စုစုပေါင်းလေးပိုင်းရှိပြီး ဗုဒ္ဓဟူးနေ့တိုင်းတပတ်ကိုတပိုင်းတင်ပေးသွားပါမယ် OVAရှိပေမယ့် softsubရှာမရလို့မတင်ဖြစ်ဖို့များပါတယ် ဇာတ်လမ်းအကျဉ်းကို တိုတိုတုတ်တုတ်ပြောရရင်တော့ နှုတ်ဆတ်ပွဲလုပ်နေတဲ့ကျောင်းသားတသိုက် ငလျင်လှုတ်တာကြုံရပြီးရုတ်တရက်ပရလောကကမ္ဘာကိုရောက်သွားပါတယ် ဘာကြောင့်ရောက်သွားလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ တပတ်တခါစောင့်မျှော်ကြပါလို့.... P.S. နားကြပ်နဲ့မကြည့်ပါနဲ့ မီးပိတ်မကြည့်ပါနဲ့ တခုခုဖြစ်လျင်တာဝန်မယူပါ (ညိုမင်းလွင်လေသံဖြင့်ဖတ်ရန်) Mystery,Horror Duration.....29:11 min Translated and encoded by Dr.Nyan EPISODE 1 EPISODE 2 EPISODE 3 EPISODE 4
6.6
TMDb: 6.6/10 22 votes
tv

Corpse Party: Tortured Souls

2013