MMANIME

Yoshitaka Yamaya

Afterlost 4
Afterlost Shoumetsu Toshi Name --- Shoumetsu Toshi Episodes --- 12 Status --- Currently Airing Aired --- Apr 7, 2019 to ? Genres --- Action, Adventure, Mystery, Drama,Fantasy Duration --- 23 min Reviewed By Kazuma ဇာတ်လမ်းကတော့ မြို့ကလေးတစ်မြို့ဟာတစ်နေ့ထူးဆန်းစွာနဲ့ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ်။တစ်ကောင်ကြွက်သယ်ယူပို့ဆောင်ရေးသမားတစ်ယောက်ဖြစ်တဲ့ Takuya ဟာ တစ်နေ့ပျောက်ဆုံးသွားသောမြို့(Lost )ရဲ့တစ်ဦးတည်းသောလွှတ်မြောက်လာသူYukiဆိုတဲ့ကောင်မလေးနဲ့အချင်းချင်းတွေ့ဆုံကြပါတော့တယ်။ပျောက်ဆုံးနေတယ်လို့ယူဆထားတဲ့Yukiရဲ့အဖေဆီကနေcodeတွေနဲ့ရေးသားထားတဲ့messageတစ်စောင်ဟာတစ်နေ့သူတို့နှစ်ယောက်ဆီကိုရောက်လာပါတယ်။ဒီလိုနဲ့အဲ့messageမှာပါတဲ့အတိုင်းYukiရဲ့အဖေကိုရှာဖို့ဆိုပြီးLostမြို့ကို၂ယောက်သားဦးတည်ထွက်သွားပါတော့တယ်။ ဒါပေမယ့်သူတို့သွားနေစဉ်လမ်းတစ်လျောက်မှာတော့ဘာမှန်းမသိတဲ့လူတစ်ယောက်ဟာပစ္စည်းအပိုင်းအစတွေနဲ့ပစ်ခက်တဲ့အခါမှာတော့သူတို့အခက်တွေ့ပါတော့တယ်။ထိုအခက်အခဲကိုကျော်ဖြတ်လာပြီးနောက်ပိုင်းမှာတော့ထူးဆန်းတဲ့အဖွဲ့တစ်ဖွဲ့ဟာနောက်ကွယ်ကနေကြိုးကိုင်ပြီးတော့ပူးပေါင်းကြံစည်နေတာကိုသိလိုက်ရပါတယ်။အခုမှစတွေ့ကြတဲ့Takuyaနဲ့Yukiတို့အဲ့အခက်အခဲတွေအားလုံးကိုကျော်ဖြတ်ပီးLostမြို့ရဲ့ထူးခြားဆန်းကြယ်မှုတွေကိုဖော်ထုတ်နိုင်မလားဆိုတာကတော့ page မှာဆက်ပြီးစောင့်မျှော်ကြပါ။ Note - ဒီ Anime ဟာ game ကို base လုပ်ထားတာကြောင့်ဇာတ်ကြောင်းမရှင်းတာတွေပါလောက်မယ်လို့ကျွန်တော်ယူဆပါတယ်။ဒါပေမယ့်လည်း ep 1 ကတော့ အတော်လေးကောင်းမွန်နေတာကြောင့် ဒီလိုအပ်ချက်မရှိပါစေနဲ့လို့မျှော်လင့်မိပါတယ်။ #bk ep 01 ep 02 ep 03 ep 04 ep 05 ep 06 ep 07 ep 08 ep 09 ep 10 ep 11 ep 12 (end)
4
TMDb: 4/10 2 votes
tv

Afterlost

2019
A3! Season Spring & Summer 6.5
A3! Season Spring & Summer ဒီကားလေးကတော့မိန်းကလေးတွေကြိုက်မယ့်ကားလေးပါ ပါဝင်တဲ့characterတွေအကုန်လုံးကလဲအချောတွေပါ ပြီးတော့သီချင်းလေးတွေပါနားထောင်ရမယ့်ကားလေးပေါ့ Review ကတော့ တိုကျိိုမှာ velude way ဆိုတဲ့ နေရာလေးတခုရှိတယ်ပြဇာတ်ရုံတို့ရဲ့မြို့တော်လို့ တင်စားကြတဲ့နေရာလေးပေါ့ အဲ့နေရာလေးကို Izumi tachibana ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့အဖေဆီကို ပို့တဲ့ စာလေးတစ်စောင်ကြောင့်ရောက်ရှိလာခဲ့တယ် သူ့အဖေကိုစာပို့လိုက်တာက အရင်တုန်းက နာမည်ကြီးခဲ့တဲ့ သူ့အဖေလုပ်လုပ်ခဲ့တဲ့ Mankai ဆိုတဲ့ company ကြီီးကဖြစ်ပါတယ်တကယ်တမ်း သူရောက်သွားချိန်မှာတော့ Manaki company ကြီးဟာ ဖျက်သိမ်းတော့မဲ့အချိန်ဖြစ်နေတဲ့အခါ ဘယ်လိုတွေ ကြိုးစားပြီး သူ့အဖေအလုပ်လုပ်ခဲ့တဲ့ နေရာကို ပြန်ကယ်တင်မလည်းဆိုတာကတော့ ဆက်ပြောနေရင်လဲစာများနေဦးမယ် ကိုယ့်ဘာသာကြည့်လိုက်ကြပါတော့ Translated by Van Van Encoded by Ezekiel   Episode 1   Episode 2   Episode 3   Episode 4   Episode 5
6.5
TMDb: 6.5/10 2 votes
tv

A3! Season Spring & Summer

2020
One Week Friends 6.4
One Week Friends Isshuukan Friends Genres: Slice of Life, Comedy, School, Shounen ဇာတ်လမ်းအကျဉ်း အသက် ဆယ့်ခြောက်နှစ်အရွယ် Yuuki Hase တစ်ယောက် သူ့ crush လေးကိုသတ္တိမွေးပြီး သူ့သူငယ်ချင်းဖြစ်ချင်ကြောင်း သွားဖွင့်ပြောလိုက်တယ်။ တစ်ယောက်တည်း တိတ်တဆိတ်သီးသန့်နေတတ်တဲ့ Kaori Fujimiya ဟာ လူအများကိုရှောင်ဖယ်ကာ ငြင်းပယ်ခဲ့သလို သူ့ကိုလဲလူပိုတစ်ယောက်အဖြစ် ငြင်းဆန်ခဲ့တယ်။ နေ့လည်စာစားချိန်မှာ Yuuki ဟာ နေ့လည်စာအတူစားဖို့ သူမနေ့လည်စာစားနေကျ အမိုးထပ်မှာသွားသွားရှာတယ်။ ဒီလိုနဲ့သူတို့နှစ်ယောက် အချိန်တွေအများကြီးကုန်ဆုံးစေပြီးတဲ့နောက် သူမနဲ့အရင်ကထက် ရင်းနှီးလာခဲ့တယ်။ သို့သော်လဲ ရက်သတ္တပါတ်ကုန်ဆုံးခါနီးလာတဲ့အခါ သူ့ကိုရှောင်ဖယ်ရှောင်ဖယ် လုပ်လာတော့တယ်။ Kaori ကသူဒီလိုလုပ်နေရတာကလဲ  ရက်သတ္တပါတ်ကုန်ဆုံးသွားတဲ့အခါ သူမရဲ့မိသားစုကလွဲလို့ သူမနဲ့နီးစပ်ခဲ့တဲ့သူတွေနဲ့ပါတ်သက်တဲ့ အမှတ်တရတွေဟာ တနင်္လာနေ့တိုင်း ပျောက်ကွယ်ကုန်လို့ဖြစ်ကြောင်း သူ့ကိုဖွင့်ပြောခဲ့တယ်။ အလယ်တန်းတုန်းက ဖြစ်ခဲ့တဲ့မတော်တဆဖြစ်ရပ်တစ်ခုကြောင့် တစ်ခါတုန်းကလူချစ်လူခင်ပေါများပြီး ကြင်နာတတ်တဲ့ Kaori ဟာ သူချစ်ခင်ရတဲ့သူတွေခံစားရမှာကိုတွေးပြီး အခုဆိုသူငယ်ချင်းလက်ခံဖို့ကို ကြောက်ရွံ့နေခဲ့တယ်။ တစ်ပတ်ထက်မကတဲ့သူငယ်ချင်းဖြစ်လာဖို့ ဆုံးဖြတ်ခဲ့တဲ့ Yuuki ဟာ ...
6.4
TMDb: 6.4/10 6 votes
tv

One Week Friends

2014
The Rising of The Shield Hero 8.6
The Rising of The Shield Hero Synopsis of The Rising of The Shield Hero ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ဒိုင်းကိုကိုဖြစ်လာမယ့်ကောင်လေးဟာ Universeအပြိူင် ခေါ်parallel universeတစ်ခုကို နောက်ထပ်လူသုံးယောက်နဲ့ရောက်သွားပါတယ် အဲ့လေးယောက်ဟာအဲ့ကမ္ဘာမှာသူရဲကောင်းဖြစ်လာဖို့အတွက် တစ်ယောက်ကိုလက်နက်တစ်မျိုးစီရပါတယ် ကျန်တဲ့လူတွေဟာဓားတို့ဘာတို့စတဲ့တိုက်ခိုက်ရေးလက်နက်ရခဲ့ပေမယ့် ဒိုင်းကိုကိုကတော့ကာကွယ်ရေးလက်နက်ဖြစ်တဲ့ဒိုင်းပေါက်စလေးတစ်ခုသာရခဲ့ပါတယ် တခြားလူတွေဟာအစွမ်းပိုထက်တော့ နောက်လိုက်တွေများများရပေမယ့် ဒိုင်းကိုကိုခင်မြာမှာတော့ ရှားရှားပါးပါးတစ်ယောက်ပဲရပါတယ် အဲ့တစ်ယောက်ကလည်း…. ဆက်ပြောရင်အပိုင်း၁နဲ့၂လောက်ကိုspoileသလိုဖြစ်သွားလိမ့်မယ် အဲ့တော့ကိုယ်တိုင်ပဲကြည့်ကြပါနော့် EPISODE 1 EPISODE 2 EPISODE 3 EPISODE 4 EPISODE 5 EPISODE 6 EPISODE 7 EPISODE 8 EPISODE 9 EPISODE 10 EPISODE 11 EPISODE 12 EPISODE 13 EPISODE 14 EPISODE 15 EPISODE 16 EPISODE 17 EPISODE 18 EPISODE 19 EPISODE 20 EPISODE 21 EPISODE 22 EPISODE 23 EPISODE 24 EPISODE 25
8.6
TMDb: 8.6/10 91 votes
tv

The Rising of The Shield Hero

2019