MMANIME

Yuusuke Kobayashi

Blood Blockade Battlefront 7
Blood Blockade Battlefront Kekkai Sensen Review ကမ္ဘာနဲ့ငရဲပြည်ကြားကပိတ်ဆို့ထားမှုတွေဟာ ပေါင်းကူးအနေနဲ့ New York မြို့မှာပွင့်ထွက်သွားပါတယ်။အဲ့ဒီအပြင်New Yorkမြို့သူမြို့သားတွေရယ် တခြားကမ္ဘာကအကောင်တွေရယ်ဟာ ဖောက်ထွင်းလို့မရတဲ့ဖန်လုံးကြီးတစ်ခုထဲမှာပိတ်မိသွားပါတယ်။အဲ့ဒီလိုနဲ့မြို့သူမြို့သားတွေဟာ ဒီလိုရူးကြောင်ကြောင်သတ္တဝါဆိုးကြီးတွေနဲ့အတူတူနှစ်နဲ့ချီပြီးနေထိုင်ခဲ့ရပါတယ်။ဒါပေမယ့်နောင်ဆုံးမှာတော့ အဲ့ဖန်လုံးကြီးကိုဖောက်ထွင်းဖို့ကြံစည်တဲ့သူပေါ်လာပါတော့တယ်။အဲ့ဒီမှာပဲတခြားသဘာဝလွန်လူသားတွေဟာလည်း အဲ့ဒီအကြံအစည်မအောင်မြင်ဖို့တားဆီးကြပါတော့တယ်။သူတို့နှစ်ဖက်ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့... အပတ်စဉ်သောကြာနှင့်တနင်္ဂနွေနေ့များတွင် Mmanime(dot)orgတွင်တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ပေးကြပါခင်ဗျ Season 1   Episode 1 Episode 2 Episode 3 Episode 4 Episode 5 Episode 6 Episode 7 Episode 8 Episode 9 Episode 10
7
TMDb: 7/10 39 votes
tv

Blood Blockade Battlefront

2015
Our Last Crusade or the Rise of a New World
Our Last Crusade or the Rise of a New World အားလုံးသိကြတဲ့ The Misfit of Demon King Academy တို့ Bofuri တို့ဖန်တီးခဲ့တဲ့ Silver Link studio ကနေဖန်တီးထားတာဖြစ်တဲ့အတွက် animation မှာသေသပ်ကောင်းမွန်လှပါတယ် Rating ကတော့ MAL မှာ 7.08/10 ရရှိထားပြီး IMdb မှာတော့ rating မထွက်သေးပါဘူး   သိပ္ပံပညာတွေအရမ်းကိုထွန်းကားနေတဲ့ Empire နဲ့ မှော်တွေသုံးတဲ့စုန်းမတွေနေတဲ့ Nebulis Sovereignty တိုင်းပြည်အချင်းချင်းတိုက်ပွဲဖြစ်နေတာနှစ်တစ်ရာကျော်နေပြီဖြစ်တယ်   Empire ဖက်ကဓားသမား Iska နဲ့ Nebulis Sovereignty ရဲ့မင်းသမီးဖြစ်တဲ့ရေခဲစုန်းမ Aliceliese တို့တွေ့ဆုံခြင်းကတိုင်းပြည်တွေရဲ့သမိုင်းကိုပြောင်းလဲစေဖို့စတင်ပါတော့တယ်   Iska က Aliceliese ရဲ့အလှတရားနဲ့စိတ်ထားဖြောင့်မတ်မှုကိုတွေ့မြင်ပြီး Aliceliese ကလည်း Iska ရဲ့သန်မာမှုနဲ့စဥ်းစားတွေးခေါ်နိုင်စွမ်းကိုမြင်ပြီးအချင်းချင်းစိတ်ဝင်စားသွားကြပါတယ်   အဲ့တာနဲ့ သူတို့တွေအတူတူနေထိုင်ခြင်းကိုပိတ်ပင်ထားတဲ့တိုက်ပွဲကြီးကိုရပ်တန့်ဖို့ကြိုးစားကြပုံတွေ ကမ္ဘာနှစ်ခုလိုနေထိုင်ပုံကွာခြားတဲ့တိုင်းပြည်နှစ်ခုကရောအတူနေထိုင်နိုင်ကြမလားဆိုတာတွေကိုတွေ့မြင်ရမှာပါ

Our Last Crusade or the Rise of a New World

2020
Re:ZERO -Starting Life in Another World- 7.6
Re:ZERO -Starting Life in Another World- သာမန်အထက်တန်းကျောင်းသား Natsuki Subaruကတစ်နေ့မှာ convenient store ကနေအထွက် အိပ်ချင်မူးတူးဖြစ်နေချိန် မျက်စိတစ်မှိတ်ချင်းမှာပဲ အခြားကမ္ဘာတစ်ခုကိုရောက်သွားတယ်.ဘယ်ရောက်နေမှန်းမသိပေမဲ့ မြို့ထဲလျောက်သွားနေတယ်မြို့ရဲ့ချောင်တစ်ခုမှာနားနေချိန်မှာပဲ သူခိုးသုံးကောင်နဲ့တွေရော.ထွက်ပြေးမယ်ထင်လို့လား.အံမယ်ကိုပိန်ရိုးကပြန်ချတယ်ဗျ.အဲ့မှာစတွေ့တာပဲ. သူ့မှာ သေရာကပြန်ရှင်နိုင်တဲ့အစွမ်းရှိမှန်းသိလိုက်တယ်.ဒါပေမဲ့လည်းEmiliaနဲ့တွေ့တော့မှပဲပြသနာရှင်းသွားတယ်.Emiliaဆိုတာ ဘာညာဘာညာပါ့ဗျာ(animeကြည့်လိုက်ပါ)Subaruက သူ့ကိုကယ်ခဲ့တဲ့Emiliaကိုကြွေသွားတယ်.အမြဲတမ်းEmiliaဘက်ကဘဲနေတယ်.ဘယ်သူ့မှဂရုမစိုက်ဘူး.Emiliaအတွက်ဆိုရင် အသက်ပါပေးမဲ့အချစ်သူရဲကောင်းလေး(ခဏခဏသေတယ် သေပေါင်းလည်းထပ်နေပြီ😂)ဒါပေမဲ့SubaruကိုကြွေနေတာကRem.Rem Subaruကိုဘယ်လိုကြွေလဲတော့ animeလေးကိုကြည့်ပေးပါဗျာ😁.ဒါကတော့ Romanceအပိုင်းပေါ့နော်. Subaru ကEmiliaကိုအမြဲတမ်းကူညီတယ်(ချစ်တာကိုး)ကူညီလို့ပဲ ခဏခဏသေတာလေ.အဲ့လိုသေလိုပဲ နောက်တစ်ခါရန်သူကိုပြန်တိုက်ရင် ပြင်ဆင်လို့ရတာ.Emiliaတို့ကိုလိုက်သတ်နေတဲ့မကောင်းဆိုးဝါးတွေလည်းရှိတယ်ဗျ.အဲ့လိုမကောင်းဆိုးဝါးတွေရန်ကနေ အစွမ်းအစမရှိတဲ့Subaruက Emiliaကိုဘယ်လိုကာကွယ်မလဲ.Subaruကိုကြွေနေတဲ့ Remကကော ဘယ်လိုတွေSubaruကိုအဆုံးတိုင်ထိကာကွယ်ပေးနိုင်မှာလား?Subaru,Emiliaနဲ့ Remဆိုရဲ့ဇာတ်လမ်းလေးကရောဘယ်လိုဖြစ်လာမှာလဲဆိုတာကြည့်ရှုပေးကြပါဦးလို့ ဒီတစ်ခေါက်Reviewရေးရတာ လှို့ဝှက်ချက်တွေပါတယ်.ဒီanimeလေးက serieသဘောမျိုးဖြစ်တဲ့အတွက်အကုန်ပြောလို့မရလို့ပါ.ဒါပေမဲ့ဒီanimeလေးကရသမျိုးစုံပေးတဲ့အတွက် ကြည့်နေရင်းမပျင်းစေရပါဘူး.ဥပမာ Remဖွင့်ပြောတဲ့အခန်း ဒေါသထွက်ရတာမျိုး(ဘာလို့လဲကြည့်ပါ)Emiliaနဲ့Subaruတို့ပေါင်းပြီးတိုက်တဲ့အခန်းတို့ စသဖြစ်ရသမျိုးစုံပါပဲ.ဒီကားလေးက16+ပါ.ဟိုအခန်းဒီအခန်းတွေပါလို့ပါ(Ecchiမဟုတ်ပါ။ကြည့်ရင်းနဲ့သိလာပါလိမ့်မယ်) အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် Crd#ArataKizato   Episode 1 to 24 
7.6
TMDb: 7.6/10 110 votes
tv


2016
Keep Your Hands Off Eizouken! 7.7
Keep Your Hands Off Eizouken! Genres: Adventure, Comedy, School, Seinen   Source: Manga Duration: 25 min. per ep. Rating: PG-13 - Teens 13 or older   Translated....... Takeya Yuki Encoded.......Oscar Myo Min ******************************** ဒီကားလေးကတော့ Animeတွေကို မယုံနိုင်လောက်တဲ့ ကမ်ဘာတခု တကယ်ဖြစ်လာဖို့ ဖန်တီးလုပ်ဆောင်ချင်တဲ့ကောင်မလေး၃ယောက်အကြောင်းကို ဖော်ကြူးထားတာပါ....သူတို့ကတော့...   ကာတွန်းတွေပုံတွေဆွဲရတာကြိုက်ပီး animeတွေကိုလဲဖန်တီးချင်တဲ့ Midori Asakusaရယ်...... သူ့သူငယ်ချင်းအတွက် ငွေရမယ်ဆို ဘာဖြစ်ဖြစ်လုပ်မဲ့ဂျစ်ကန်ကန်နဲ့ကောင်မလေး Sayaka Kanamoriရယ်.....နောက်တယောက်ကတော့.. modelအလုပ်ထက် animeတွေကိုနှစ်သပ်ပီးပုံဆွဲရတာကိုကြိုက်တဲ့ Tsubame Misuzaki ရယ်ပဲ ဖြစ်ပါတယ်... သူတို့၃ယောက်သားတတ်တတ်ကြွကြွနဲ့ဘယ်လိုတွေအလွဲလွဲချော်ချော်တွေနဲ့ ဘယ်လိုတွေဖန်တီးကြမလဲဆိုတာတော့ ဇာတ်ကားလေးကိုကြည့်ပေးပါကြနော်...   ဒီanimeဟာ 2016ထွက် Eizoken ni wa Te o Dasu na!ဆိုတဲ့ Mangaကိုanimeအနေနဲ့ထွက်ရှိလာတာပါ... Ongoing Series ထဲမွာ 12ပိုင်းနဲ့ (Complete) ဖြစ်သွားပါပြီဗျ...   ဒီanimeလေးမှာထူးခြားတာက ထုတ်လုပ်ရေးပိုင်းမှာ Warner brosဝင်ကိုင်ထားတာပါ ဟုတ်ပါတယ်.... မိတ်ဆွေတို့စိတ်ထဲထင်တဲ့ဟောလိးဝုဒ်ကားကောင်းတွေကားတွန်းကားတွေMen of ...
7.7
TMDb: 7.7/10 6 votes
tv

Keep Your Hands Off Eizouken!

2020
Dr. Stone 8.5
Dr. Stone Dr. Stone (Season 1) Mmsub- စဆုံးး Total ep-24 Genre: Sci fi, adventurer, Shounen Animation Studio: TMS entertainment ဇာတ်လမ်းအကျဉ်း- (Crd) Senku နဲ့ Taiju ဟာငယ်သူငယ်ချင်းတွေဖြစ်ပါတယ်။ Senku ဟာသိပ္ပံပညာကိုအလွန်ဝါသနာပါပြီး ဉာဏ်အရမ်းကောင်းတဲ့လူငယ်တယောက်ပါ။ Taiju ကတော့သာမန်လူငယ်တယောက်ဖြစ်ပြီး Senku လိုတော့ဉာဏ်မကောင်းပါဘူး။ တနေ့မှာ Taiju ဟာငယ်ငယ်ထဲက တဖက်သတ်ချစ်ခဲ့ရတဲ့ ကောင်မလေးကိုဖွင့်ပြောဖို့ဆုံးဖြတ်လိုက်ပြီး ဖွင့်ပြောဖို့ကြိုးစားနေချိန်မှာ ရုတ်တရက် ထူးဆန်းတဲ့အလင်းရောင်တခုကြောင့် ကမ္ဘာပေါ်မှာရှိသမျှ လူသားအားလုံးကျောက်ရုပ်တွေဖြစ်ကုန်ကြပါတယ် နောက်နှစ်ပေါင်းသုံးထောင်ကျော်ခန့်အကြာမှာ Taiju ဟာနိုးထလာခဲ့ပါတယ် ဒါပေမဲ့သူငယ်ချင်းဖြစ်သူ Senku ကသူထက် နှစ်ဝက်ခန့်ကြိုပြီးစောနိုးနေတာတွေ့ရတဲ့အခါ သူငယ်ချင်းနှစ်ယောက် ပေါင်းပြီး သူတို့ဘယ်လိုနိုးထခဲ့ ကြလဲ? အခြားနိုးထနေတဲ့လူတွေကောရှိဦးမလား? အခြားလူတွေကိုကော ဘယ်လိုနိုးထအောင်လုပ်ရမလဲ? ဆိုတာကို Senku ရဲ့သိပ္ပံဗဟုသုတတွေသုံးပြီး ကျောက်ရုပ်တွေနဲ့ ပြည့်နေတဲ့ Stone world ကြီးမှာ အသက်ရှင်ရုန်းကန်ကြရမှာကို စိတ်ဝင်တစားကြည့်ရမှာဖြစ်ပါတယ် ဒီ anime က sci-fi အမျိုးအစား ...
8.5
TMDb: 8.5/10 160 votes
tv

Dr. Stone

2019