MMANIME

Hazuki Minase

C³ Cube x Cursed x Curious 6.3
C³ Cube x Cursed x Curious C³ ဟာ Light Novel အနေနဲ့အရင်ထွက်ရှိခဲ့ပြီး Hazuki Minase ကရေးသားခဲ့တာပဲဖြစ်ပါတယ်   Anime ဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာ Shin Onuma ကရိုက်ကူးပေးထါးတာဖြစ်ပြီး Silver Link Studio ကနေမှဖန်တီးထားတာဖြစ်ပါတယ်   အပိုင်းအနေနဲ့တော့ 13 ပိုင်းရှိပြီးဇာတ်လမ်းပိုင်းနဲ့ပက်သက်လို့အနည်းငယ်ဝေဖန်မှုတွေတော့ရှိနေခဲ့တာဖြစ်ပါတယ်   C³ ဆိုတဲ့ Anime ဇာတ်လမ်းလေးကို Haruaki Yachi ဆိုတဲ့ကောင်လေးတစ်ယောက်အပေါ်အဓိကဇာတ်အိမ်တည်ထားတာဖြစ်ပြီး Yachi ဟာတစ်နေ့မှာတော့​ပြည်ပရောက် ရှေးဟောင်းသုတေသနပညာရှင်ဖြစ်တဲ့သူ့အဖေဆီက အနက်ရောင် Cube တစ်ခုကိုရရှိခဲ့ပါတယ်   အဲ့ဒီညမှာပဲ Yachi ဟာမီးဖိုချောင်ထဲမှထူးဆန်းတဲ့အသံတစ်သံကြောင့်နိုးလာခဲ့ပြီးသွားကြည့်တဲ့အခါမှာတော့ အဝတ်အစားမပါဝစ်လစ်စလစ်နဲ့အပြာရောင်ဆံသားပိုင်ရှင်မိန်းကလေး​တစ်ယောက် ဆန်မုန့်ကြွပ်တွေကိုခိုးစားနေတာတွေ့လိုက်ရပါတော့တယ်   ဆံပင်ပြာနဲ့မိန်းကလေးဟာသူ့ကိုယ်သူ "Fear" ( ဂျပန်လို​တော့ Fia ဟုခေါ်သည်) လို့ခေါ်ကြောင်းမိတ်ဆက်ခဲ့ပြီးYachi ဖခင်ပို့လိုက်တဲ့အနက်ရောင် Cube ဖြစ်ကြောင်းသိလိုက်ရပါတော့တယ်   အဲ့ဒီနောက်မှာတော့ Fia ဆိုတဲ့ကောင်မလေးဟာ ကျိန်စာသင့်ပစ္စည်းတစ်ခုဖြစ်နေပြီးအတိတ်တုန်းကလူသားတွေရဲ့မကောင်းတဲ့စိတ်ဆန္ဒတွေကိုဖြည့်ဆည်းရာမှာအသုံးပြုတဲ့အရာဝတ္ထုတစ်ခုဖြစ်ကြောင်းသိလာရပြီးနောက်မှာတော့ Yachi အနေနဲ့ဘာဆက်လုပ်မလဲ? ကျန်စာမိနေတဲ့ကောင်မလေးကိုပဲကယ်တင်မလား အသုံးချမလား?ရှေ့လျှောက်ဘယ်လိုအန္တရာယ်တွေရောပေါ်လာလိမ့်မလဲ ဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ် #LCAM   Download link<<   Episode 1   Episode 2   Episode 3
6.3
TMDb: 6.3/10 3 votes
tv

C³ Cube x Cursed x Curious

2011