MMANIME

2007

Mononoke 8
Mononoke $#M712006ScriptRootC1135055 {min-height: 300px;}$ Toei Animation ကနေဖန်တီးထားတဲ့လက်ရာဖြစ်တာကြောင့် သေချာပေါက်ကောင်းတဲ့ Anime ဇာတ်လမ်းတွဲလေးတစ်ကားဖြစ်မှာသေချာပါတယ် Mononoke ဆိုတဲ့ကားလေးကိုတကယ့်နာမည်အတိုင်း Anime လောကထဲကငုပ်လျိုးနေတဲ့ အဖိုးတန်ကျောက်မျက်ရတနာအဖြစ်ကြည့်ပြီးပြီဆိုရင်တော့ယူဆမိလောက်ပါတယ် အသက်ရှူမှားလောက်တဲ့မြင်ကွင်းတွေ,ရှုပ်ထွေးတဲ့ဇာတ်အလှည့်အပြောင်းနဲ့ကာရိုက်တာတွေ, ဇာတ်လမ်းထဲကစိတ်ဝင်စားစရာကောင်းတဲ့နောက်ခံမြင်ကွင်း ချောက်ချားဖွယ်ဇာတ်လမ်းမျိုးကိုမှဆန်းသစ်ထားတာတွေ, အရောင်အသွေးစုံလင်တောက်ပစွာရောယှက်ဖန်တီးထားတဲ့လက်ရာတွေကို ဒီ Anime ဇာတ်လမ်းတွဲလေးမှာရှူစားရမှာဖြစ်ပါတယ် Mononoke ဆိုတဲ့ကားလေးဟာ Kusuriuri လို့အမည်ရပြီး ဂမ္ဘီရပညာမှာကျွမ်းကျင်တဲ့ထူးထူးဆန်းဆန်းလူတစ်ယောက်ရဲ့ အဆုံးမရှိမဲ့ခရီးအပေါ်မှာဇာတ်အိမ်တည်ထားတယ်လို့ပဲပြောရပါမယ် Kusuriuri ဟာမြေရှင်ပဒေသရာဇ်ခေတ်ဂျပန်နိုင်ငံအနှံ့ကိုလျှောက်သွားပြီး Mononoke လို့ခေါ်တဲ့ဆန်းကြယ်သတ္တဝါတွေကိုသူ့ရဲ့အစွဲချွတ်တဲ့ဓားနဲ့လိုက်ပြီးချေမှုန်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ် Mononoke တွေဟာလူသားတွေရဲ့ပြင်းထန်တဲ့ခံစားချက်တွေ, မလွတ်မြောက်နိုင်တဲ့အတိတ်ကစိတ်ဒဏ်ရာတွေ,မပြေလည်တဲ့ကိစ္စတွေ, သဘာဝမဆန်တဲ့သေဆုံးမှုတွေကနေဖြစ်တည်လာကြတာပဲဖြစ်ပါတယ် Mononဝke တစ်ကောင်ချင်းစီမှာလက်စားချေလိုစိတ်,ဒေါသ,ဝမ်းနည်းမှုစတဲ့ မတူညီတဲ့ဆန္ဒတွေရှိပြီးအဲ့ဆန္ဒတွေကြောင့်ပဲသူတို့ဟာသူတို့လမ်းမှာရှိသမျှလူသားတွေများစွာကိုသတ်ဖြတ်လေ့ရှိကြပါတယ် Kusuriuri ဟာအဲ့လို Mononoke တွေကိုလိုက်လံသုတ်သင်နေပြီး ဘာကြောင့်ဒီလိုလိုက်သတ်နေရတာလဲ? Mononoke တွေကိုရောအပြီးသတ်သုတ်သင်နိုင်ပါ့မလားဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်   [Episode 1 - 6] [Episode 7 - 12]   $#M712006ScriptRootC1135054 {min-height: 300px;}$
8
TMDb: 8/10 17 votes
tv

Mononoke

2007
Clannad 8.12
Clannad အဓိကဇာတ်ဆောင် "အိုကဇာခီ တိုမိုယ"ဟာ ဖခင်ဖြစ်သူနဲ့ အဆင်မပြေဖြစ်နေပြီး လောကကြီးကို အဆိုးမြင်နေတဲ့ ဘာရည်ရွယ်ချက်မှ မရှိတဲ့ လူလေလူလွင့်တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ သူကျောင်းလာရာလမ်းမှာ "ဖူယုကဝ နာဂီဆ"လို့ ခေါ်တဲ့ ပြဇာတ်အသင်းကို ပြန်ဖွင့်နိုင်အောင်ကြိုးစားနေတဲ့ နှစ်ကျကောင်မလေးတစ်ယောက်နဲ့ ပြဇာတ်ဆန်ဆန် တွေ့ဆုံခဲ့ရပါတယ်။ အဲ့ဒီအချိန်ကစပြီး "တိုမိုယ"က "နာဂီဆ"ရဲ့ ပြဇာတ်ပြန်ဖွင့်ဖို့ရည်ရွယ်ချက်ကို ပြီးမြောက်အောင် လိုက်လံကူညီပေးရင်းနဲ့ လူတွေနဲ့ ပိုမိုဆက်ဆံလာမိပြီး လူ့ဘဝဟာ သူထင်သလို အဆိုးတွေချည်းသက်သက် ရှိနေတာမဟုတ်မှန်း သိလာရတဲ့အချိန်မှာတော့...   - "အိုကဇာခီ"တစ်ယောက် ဘာအတွက်ကြောင့် လောကကြီးကို အဆိုးမြင်နေတာလဲ - "နာဂီဆ"ကရော ဘာလို့ နှစ်ကျကျောင်းသူ ဖြစ်နေရတာလဲ - "နာဂီဆ"တစ်ယောက် သူဖြစ်စေချင်တဲ့ ရည်ရွယ်ချက် ဖြစ်လာနိုင်မှာလား အဖြေတွေကိုတော့ သင်ကိုယ်တိုင် ကြည့်ရှုပြီး ရှာဖွေကြည့်လိုက်ပါ   Download Link (720p) အပိုင်း ၁ အပိုင်း ၂ အပိုင်း ၃ အပိုင်း ၄ အပိုင်း ၅ အပိုင်း ၆ အပိုင်း ၇ အပိုင်း ၈ အပိုင်း ၉ အပိုင်း ၁၀ အပိုင်း ...
8.12
TMDb: 8.12/10 Above 500000 votes
tv

Clannad

2007
Mobile Suit Gundam 00 7.4
Mobile Suit Gundam 00 Mobile Suit Gundam 00 Season I Gener: Action, Military, Sci-Fi, Space, Drama, Mecha Imdb 8.2; Myanimelist 8.2 Total Episode 25 Major Award-Anime Grandpix(2nd Position-ဒုတိယဆု) ။ အဆိုပါနှစ်အတွက် anime grandpix ပထမဆုရှင်ကတော့ ကျွန်တော့်အကြိုက်ဆုံးနဲ့ epic အဖြစ်ဆုံး anime ကြီး Code Geass ဖြစ်ပါတယ်။ Sypnosis ကမ္ဘာကြီးမှာဇီဝရုပ်ကြွင်းလောင်စာတွေကုန်ခမ်းလာတဲ့အတွက် ၂၁ ရာစုအကုန်မှာ ကမ္ဘာ့မဟာအင်အားကြီးအဖွဲ့ကြီးသုံးဖွဲ့ဖြစ်တဲ့ Union, AEUနဲ့ Human Reform League တို့ဦးဆောင်ပြီးတော့ စွမ်းအားရင်းမြစ်သစ်တစ်ခုဖြစ်တဲ့နေစွမ်းအင်ဘက်ကိုခြေဦးလှည့်ခဲ့ကြပါတော့တယ်။ ကီလိုမီတာ5သောင်းကျော်ရှည်လျားတဲ့ကမ္ဘာပတ်ဓာတ်လှေကားကြီး3ခုကိုနှစ်200နီးပါးအချိန်ယူတည်ဆောက်အပြီး10နှစ်အကြာ AD2307မှာ လူတွေဟာ ထင်မှတ်မထားတဲ့အဖြစ်ကြီးတစ်ရပ်နဲ့ကြုံတွေ့ရပါတော့တယ်။အဲဒါကတော့ စစ်ပွဲတွေကိုရှင်းထုတ်ပစ်မယ်လို့ကြွေးကြော်လာတဲ့ Celestial Being ဆိုတဲ့အဖွဲ့ပါ။ မကုန်ခမ်းနိုင်တဲ့နေစွမ်းအင်ကြီးရတဲ့အထိကို တစ်ဖက်နဲ့တစ်ဖက်ရန်စောင်တာတွေ အကြမ်းဖက်မှုတွေရှိနေသေးတဲ့လောကကြီးဟာCelestial Beingပေါ်ထွက်လာတဲ့အခါမှာ အတော်ကိုပြောင်းလဲသွားပါတယ် ပြောင်းလဲမှုကတော့အကောင်းရော အဆိုးရောဒွန်တွဲနေခဲ့တာပါ။ Celestial Being ရဲ့ တာဝန်တွေဟာ Gundam ဆိုတဲ့အလွန်အစွမ်းထက်တဲ့  mobile ...
7.4
TMDb: 7.4/10 10 votes
tv

Mobile Suit Gundam 00

2007