MMANIME

CloverWorks

Fate/Grand Order Absolute Demonic Front: Babylonia 8
Fate/Grand Order Absolute Demonic Front: Babylonia Name - Fate/Grand Order: Zettai Majuu Sensen Babylonia /Absoulte Demonic Front - Babylonia Number of episodes - 21 Status - Currently airing Genres - Action,Fantasy, Magic, Supernatural Review မှာ ၂ ပိုင်းပါပါမယ်။ပထမပိုင်းကတော့ "Grand Order" ဖြစ်လာပုံအကြောင်းရယ်နဲ့ ဒုတိယပိုင်းကတော့ အခု ခုနှစ်မြောက် Singularity ရဲ့အကြောင်းပဲဖြစ်ပါတယ်။ အညွှန်း AD 2017 ဟာ မှော်အတတ်ပညာတွေရှိနေဆဲဖြစ်တဲ့ နောက်ဆုံး era တစ်ခုဖြစ်ပါတယ်။လူသားတွေရဲ့လက်နှစ်ဖက်နဲ့ လူ့အဖွဲ့အစည်းဆိုတာကြီးကိုဖန်တီးခဲ့ကြသလို မှော်ပညာရှင်တွေဟာလည်း ကမ႓ာကြီးရဲ့အမှန်တရားကိုရရှိသွားခဲ့ပါတယ်။မှော်အတတ်ပညာဆိုတာ အတိတ်ကလူသားတွေ သိပ္ပံပညာနဲ့မဖြေရှင်းနိုင်တဲ့နည်းစနစ်တွေနဲ့ဖွဲ့စည်းထားတဲ့ပညာရပ်ဖြစ်ပြီး သိပ္ပံပညာဆိုတာလည်း မှော်အတတ်နဲ့ရယူလို့မရနိုင်တဲ့အနာဂတ်လူသားတွေရဲ့နည်းစနစ်တွေနဲ့လွှမ်းခြုံထားတဲ့အရာတစ်ခုဖြစ်ပါတယ်။ မှော်ပညာရပ်နဲ့ သိပ္ပံပညာရပ်ကသုတေသနပညာရှင်တွေ၊ ပညာရှင်တွေအကုန်စုစည်းပြီး လူမှု့အဖွဲ့အစည်းကြီးမပျောက်ကွယ်သွားအောင် Chaldea လုံခြံုရေးအဖွဲ့အစည်းကြီးအောက်မှာပူးပေါင်းပါဝင်ခဲ့ကြတယ်။ဒါပေမယ့် တွက်ချက်မှု့တွေအရတော့ လူသားမျိုးနွယ်ဟာ ၂၀၁၉ မှာမျိုးတုန်းပျောက်ကွယ်သွားမဲ့ဘေးနဲ့ရင်ဆိုင်နေရတယ်။ဒီလို ဖြစ်ရတဲ့အဓိကအကြောင်းအရင်ကတော့ လေ့လာကြည့်ရှုလို့မရတဲ့ နယ်မြေတွေဟာ သမိုင်းတစ်လျှောက်ခေတ်အဆက်ဆက်ပေါ်ပေါက်လာခဲ့တဲ့ ...
8
TMDb: 8/10 7 votes
tv

Fate/Grand Order Absolute Demonic Front: Babylonia

2019
The Millionaire Detective — Balance: UNLIMITED 8
The Millionaire Detective — Balance: UNLIMITED ဒီanimeရဲ့ဇာတ်လမ်းကိုစပြီး အခြေပြုထားတာက ရဲမှုခင်းတွေကနေပေါ့။ ဒီထဲမှာတချို့ရဲတွေဟာ တရားမျှတမှုအတွက်ဆိုရင် ငွေမရရုံကလို့ ဘာပဲဖြစ်နေဖြစ်နေ အသက်ကိုစွန့်ပြီး တိုက်ပွဲဝင်ပေးမယ့်သူတွေပါ။ တချို့သောရဲတွေကတော့ တရားမျှတမှုဆိုတာ ပါးစပ်ကနေထွက်ပြီး လေထဲမှာပျောက်သွားတဲ့အချိန် လောက်တောင်ကြာရှည်မခံဘူးတဲ့။ ဘဝမှာ တရားမျှတမှုထက်အရေးကြီးတာက ငွေ ဘက်လိုက်မှု စသဖြင့်ပေါ့။ငွေရရင်ပြီးကော တရားမျှတတ မမျှတတ ဂရုမစိုက်တဲ့ရဲတွေ လို့ဆိုရမှာပေါ့။ အဲ့ဒီမှာမှအဓိကmain characterတစ်ယောက်ဖြစ်တဲ့ သာမန်စုံစမ်းထောက်လှမ်းရေးအဆင့်သာရှိတဲ့ Haru Kato ပါ။ သူ့ရဲ့အဆင့်က သာမန်စုံထောက်တစ်ယောက်ဖြစ်နေရခြင်းကတော့ သူဟာ တစ်ချိန်ကပထမတန်းစားစုံထောက် တစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ခံယူချက်တွေနဲ့ကွဲလွဲမှုကြောင့် သူ့ကိုရာထူးကနေလျှော့ချလိုက်တာပါ။ စုံထောက် Haru Kato ရဲ့ခံယူချက်ကတော့ နေရာတိုင်းမှာတရားမျှတမှုနဲ့စည်းကမ်းဆိုတာရှိရမယ် တရားမျှတမှုမရှိပဲ စည်းကမ်းကိုဖောက်ဖျက်တဲ့သူဟာ ဥပဒေကချမှတ်ထားတဲ့ အပြစ်အလျောက် ပြန်ပေးဆပ်ရပါမယ် ဆိုတဲ့စုံထောက်တစ်ယောက်ပါ။ နောက်ထပ်main characterတစ်ယောက်ကတော့ စုံထောက် Daisuke Kambe ပါ။ သူကတော့ခုနကစုံထောက် Haru Kato နဲ့လုံးဝကို ဆန့်ကျင်ဘက်လို့ပြောလို့ရပါတယ်။ ဒါပေမယ့်ဆန့်ကျင်ဘက်လို့ပြောပေမယ့် တချို့ရဲတွေလိုငွေမက်တဲ့သူမျိုးတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူ့မှာရေလိုလေလိုအပေါဆုံးက ငွေဖြစ်နေလို့ပါပဲ။ အရာရာကိုငွေနဲ့ဖြေရှင်းတယ်။ ငွေရှိရင်အားလုံးပြီးတယ် လို့ခံယူထားတဲ့တစ်ယောက်။မှုခင်းတစ်ခုကိုသူလိုက်ပြီဆိုရင် ပြည်သူ အရပ်သား ရဲ စုံထောက် ဘယ်သူ့ကိုမှ သူထည့်မတွက်ပါဘူး။သူရဲ့အရေးကြီးတဲ့အဓိကဦးတည်ချက် ဖြစ်တဲ့ မှုခင်းထဲကရာဇဝတ်ကောင်ကိုပဲအသေအကြေ လိုက်ပါတယ်။ဖြစ်လာသမျှအကျိုးဆက်နဲ့နစ်နာကြေးအားလုံး ကိုငွေနဲ့ပေါက်ပြီးဖြေရှင်းတဲ့စုံထောက်တစ်ယောက်ပါ။ ဒီမှာဇာတ်လမ်းကစပါပြီ။ တရားမျှတမှုကိုမြတ်နိုးတယ်။ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိစေရဘူးလို့ခံယူထားတဲ့ စုံထောက် Haru Kato ဟာ အရာရာကိုပေါ့ပေါ့တန်တန်နဲ့ ဘယ်ကိစ္စမဆို ငွေနဲ့ပေါက်ပြီးဖြေရှင်းနေတဲ့ စုံထောက်Daisuke Kambeကိုဘယ်လိုမှကြည့်လို့မရပါဘူး။ ဖြစ်ချင်တော့သူတို့နှစ်ယောက်ဟာ ရာထူးတစ်ခုထဲမှာနှစ်ယောက်အတူတူတွဲလုပ်ရမှာပါ။ အရာရာမှာဆန့်ကျင်ဘက်ဖြစ်နေတဲ့သူတို့နှစ်ယောက် ခက်ခဲကြမ်းတမ်းတဲ့အမှုတွဲတွေကိုဘယ်လိုဖြေရှင်းကြမလဲ။ မျဉ်းပြိုင်နှစ်ကြောင်းကတစ်နေရာရာမှာဆုံမှတ်ရှိနိုင်ပါ့မလား...   Translated by Kan San Encoded by Shine Bo Bo Latt   Season [1]   Episode 1 [1080p] Yandex / Gdrive / Racaty / ...
8
TMDb: 8/10 1 votes
tv

The Millionaire Detective — Balance: UNLIMITED

2020