MMANIME

Doga Kobo

Sleepy Princess in the Demon Castle
Sleepy Princess in the Demon Castle ဒီ anime လေးကတော့ 2020 ကိုကိုယ်စားပြုတဲ့ကားလေးပါ ဘာလို့လဲဆိုတော့အိပ်ပဲအိပ်နေတာလေ အားလုံး comedy, slice of life ကားကောင်းဖြစ်တဲ့ Umaru chan ကိုသိကြမှာပါ ဒီ anime က umaru chan ကိုဖန်တီးထားတဲ့ studio Doga Koto ရဲ့လက်ရာတစ်ခုပါပဲ episode အနေနဲ့ 12 ပိုင်းထွက်မယ်လို့သိရပါတယ်   နတ်ဆိုးဘုရင်ကလူသားမင်းသမီးတစ်ပါး Syalis ကိုဖမ်းပြီး သူ့ရဲ့ရဲတိုက်ထဲမှာဖမ်းချုပ်ထားခဲ့တယ် အဲ့ကိစ္စကိုတစ်တိုင်းပြည်လုံးသိပြီး သူရဲကောင်းကဦးဆောင်ပြီးမင်းသမီးကိုကယ်မယ့်အစီအစဥ်ကိုမကြေညာခင်အထိ ပြည်သူတွေစိတ်ထဲမှာခံစားနေရတယ် ပျင်းစရာကောင်းတဲ့ရဲတိုက်ထဲမှာ တောက်ပတဲ့ချပ်ဝတ်ဝတ်ထားတဲ့သူရဲကောင်းစောင့်နေစဥ်အချိန်အတွင်းမှာအဖမ်းခံရတဲ့မင်းသမီးလေးကဘာလုပ်မလဲ လင်းနို့တောင်ပံပါတဲ့ Teddy ဝက်ဝံလေးတွေကကောင်းပေမယ့် အဖမ်းခံထားရတဲ့ရဲတိုက်ကအရမ်းပျင်းစရာကောင်းလွန်းတယ် ဒါကြောင့်မင်းသမီးလေးကအကြာကြီးအိပ်နေဖို့ပဲဆုံးဖြတ်လိုက်တယ် သူသက်တောင့်သက်တာအိပ်ရဖို့လိုတဲ့ပစ္စည်းတွေ နေရာတွေရှာဖွေပုံတွေကိုကြည့်ရှုရမှာပါ တော်တော်လေးလဲချစ်စရာကောင်းတဲ့မင်းသမီးလေးမို့လို့ ကြည့်ဖို့တိုက်တွန်းချင်ပါတယ်   #No one beat me #LCAM   Episode 1   Episode 2   Episode 3

Sleepy Princess in the Demon Castle

2020
Luck & Logic 6.8
Luck & Logic L.C 922 ခုနှစ်မှာ လူသားတွေဟာ ကပ်ဆိုးကြီးကို ကြုံကြိုက်ခဲ့ရပါတယ်။ကမ္ဘာကိုကျူးကျော်လာတဲ့ Majinဆိုတဲ့ ဂြိုဟ်သားတွေကို နှိမ်နင်းဖို့အတွက် အစိုးရဘက်ကနေ ALCAဆိုတဲ့ အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတော့တယ်။သူတို့အဖွဲ့အစည်းဟာ တခြားကမ္ဘာက နတ်ဘုရားနဲ့ လူသားတွေကို "trance"ဆိုတဲ့ ပေါင်းစည်းမှု့ပြုလုပ်ပြီး Majin တွေကို နှိမ်နင်းကြရတာဖြစ်ပါတယ်။ Yoshichika Tsugi ဆိုတဲ့ ALCA အဖွဲ့သားတစ်ယောက်ဟာ သူ့ရဲ့ Logic cardကို ပျောက်ဆုံးသွားပြီး သာမန်လူအဖြစ် နေထိုင်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ Majinတွေ ကျူးကျော်တိုက်ခိုက်လာတာကို ကာကွယ်ရင်း Athena ဆိုတဲ့ နတ်ဘုရားမလေးနဲ့တွေ့ဆုံကာ အဲ့ဒီနတ်ဘုရားမလေးဆီမှာ Tsurugi ပျောက်ဆုံးသွားခဲ့တဲ့ Logic cardလေးရှိနေတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းထဲမှာ ကြည့်ရှုနိုင်ပါတယ်။ Tanaka-kun is Always Listlessထဲက Tanaka နဲ့ Yoshichika Tsurugiဟာ " Kensho Ono" ဆိုတဲ့ VA တစ်ယောက်ထဲကပဲ သရုပ်ဆောင်ပေးထားတာမလို့ ...
6.8
TMDb: 6.8/10 5 votes
tv

Luck & Logic

2016