MMANIME

J.C.Staff

Hi Score Girl 8.1
Hi Score Girl "ရဂုချီ ဟာရူအို"ဆိုတဲ့ ၆တန်းနှစ်ကျောင်းသားတစ်ယောက်ဟာ ကျောင်းစာပညာရပ်ပိုင်းမှာ အရမ်းကို ညံ့တဲ့ကျောင်းသားတစ်ယောက်ဖြစ်ပြီး သာမန်ကျောင်းသားတွေထဲက မထင်မရှားတစ်ယောက်သာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ဆီမှာ ထူးချွန်တဲ့အပိုင်းလေးတော့ ရှိတယ်။ အဲ့ဒါကတော့ သူ့ရဲ့ဂိမ်းကစားတဲ့ စွမ်းရည်ပါပဲ။ တစ်နေ့ သူဂိမ်းကစားရင်း ပွဲဆက်တိုက်နိုင်နေတဲ့အချိန်မှာ မိန်းကလေးကစားသမားတစ်ယောက်ရဲ့ အနိုင်ပိုင်းခြင်းကို ခံလိုက်ရပါတယ်။ အဲ့ဒီမိန်းကလေးဟာ တခြားတော့ မဟုတ်ပါဘူး။ သူနဲ့တစ်ကျောင်းတည်း တစ်တန်းတည်းအတူတူတက်နေတဲ့ နန်းထိုက်တော်ဝင်ပန်းလို့ ညွှန်းဆိုခံရတဲ့သူ၊ မိသားစုက ငွေကြေးချမ်းသာတဲ့အပြင် စာပေ၊ အနုပညာ၊ ရုပ်ရည်ရူပကာ ဘာဆိုဘာမှ အပြစ်ပြောစရာ ရှာမတွေ့နိုင်လောက်တဲ့  "အိုနို အာကီရ"ဆိုတဲ့ မိန်းကလေးပါပဲ။ သူ့ရဲ့တစ်ခုတည်းသော ကျွမ်းကျင်ရာ ဂိမ်းနယ်ပယ်မှာ သက်တူရွယ်သူတစ်ယောက်ရဲ့ အနိုင်ကစားတာကို ခံလိုက်ရတဲ့နောက် "ရဂုချီ ဟာရူအို"တစ်ယောက် မခံချင်စိတ်တွေဖြစ်လာပြီး "အိုနို အာကီရ"ကို အနိုင်ကစားနိုင်အောင် ကြိုးစားပါတော့တယ်။  ဒီလိုနဲ့ "ရဂုချီ ဟာရူအို"တစ်ယောက် ဘက်စုံထူးချွန်တဲ့ "အိုနို အာကီရ"ကို အနိုင်ပြန်ယူနိုင်ပါ့မလား။  ...
8.1
TMDb: 8.1/10 69 votes
tv

Hi Score Girl

2018
Sweet Blue Flowers 6.8
Sweet Blue Flowers Aoi hana series ကတခြား အချစ်ဇာတ်လမ်းတွေနဲ့မတူပိုပြီးလက်တွေ့ကျတယ့် Anime seriesတစ်ခုပါ။Aoi hana က Yuri series ဖြစ်ပေမည့်လဲ Slice of life,comedy ရယ်၊heterosexual romance (လိင်ကွဲချစ်ခြင်း) စတဲ့အမျိုးအစားစုံလင်စွာပါဝင်တယ့် series ကားကောင်းတစ်ခုလို့ပြောလို့ရပါတယ်။ဒီကားရဲ့မတူထူးခြားတယ့်အချက်ကလိင်ပိုင်းဆိုင်ရာပညာပေးမှုတွေလည်းပါဝင်တာပါပဲ။တစ်နည်းအားဖြင့် တော့18+ပေါ့(ထင်ရတာပဲ)။ပထမပိုင်းက Fumiဆိုတယ့်ကောင်မလေးက ငိုနေရာကနေစတာပဲ။ဘာဖြစ်လဲဆိုတာတော့ဖီးလ်အောက်မှာစိုးလို့ကိုယ့်ဟာကိုယ်ကြည့်။သူ့မှာသူငယ်ချင်းတစ်ယောက်ရှိတယ်ပေါ့။Akira တဲ့။သူနဲ့သူ့သူငယ်ချင်းနဲ့ကအရမ်းချစ်။ဒါမယ့်တစ်နေ့မိဘတွေအိမ်ပြောင်းတဲ့အခါမှာတော့သူတို့နှစ်ယောက်ရှင်ကွဲကွဲပါတော့တယ်။အဲ့ဒဏ်ရာကိုကုသပေးတဲ့သူ့ဝမ်းကွဲအမ Chizuကိုသူချစ်မိသွားသော်လည်းကံကြမ္မာလှည့်စားမှုကြောင့်ချစ်ခွင့်မရခဲ့ပါဘူး။ဒါမယ့်သူငယ်ချင်းမိန်းကလေးနှစ်ယောက်ဟာသူတို့ရဲ့မူလတန်းကတည်းကခွဲခွာခိုင်းခဲ့တဲ့ကံကြမ္မာရဲ့လှည့်စားမှုကြောင့်ပြန်ဆုံတဲ့အခါမှာတော့.... Episode 1 Episode 2
6.8
TMDb: 6.8/10 5 votes
tv

Sweet Blue Flowers

2009
Food Wars! Shokugeki no Soma 8.4
Food Wars! Shokugeki no Soma Food Wars season ................................... အဖေဖြစ်သူနှင့်အတူတူ စားသောက်ဆိုင်လေးဖွင့်နေတဲ့ဆိုမာဟာ တစ်ရက်မှာတော့အဖေဖြစ်သူက တော့စ်ခိကျောင်းကြီးမှာသွားတက်ဖို့တိုက်တွန်းလာတဲ့အတွက်သွားတက်ခဲ့ပါတယ် ဒါပေမယ့် အဲ့ဒီကျောင်းဟာ သာမန်ကျောင်းမဟုတ်ပဲ ဈေးကွက်ကိုပါလွှမ်းမိုးနိုင်တဲ့ချက်ပြုတ်ရေးကျောင်းဖြစ်နေတဲ့အပြင် ခက်ခဲကြမ်းတမ်းတဲ့ပြိုင်ပွဲတွေလည်းလုပ်လေ့လုပ်ထရှိတဲ့အတွက် ကျောင်းပြီးအောင်မတက်နိုင်သူတွေ၊ကျောင်းကထွက်သွားတဲ့သူတွေလည်းအများအပြားရှိနေတဲ့ကျောင်းပါ။ ပြီးတော့အတော်တကာ့အတော်ဆုံးလူတွေနဲ့ဖွဲ့စည်းထားတဲ့လက်ရွေးစင်ဆယ်ယောက်အဖွဲ့လည်းရှိနေပြန်ပါတယ်။ ဒီအဖွဲ့အကြောင်းကိုသိသွားတဲ့ဆိုမာဟာ နံပါတ်တစ်နေရာကိုယူမယ်လို့ဆုံးဖြတ်ပြီးတဲ့နောက်မှာတော့ ဆိုမာဘာတွေကြုံတွေ့ရမလဲ။အခက်အခဲတွေကိုကျော်ဖြတ်နိုင်မလားဆိုတာကိုကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါ။ TMDb 7.7/10 Episode runtime 24 minites   Season 1 All episode 720p(lol anime myanmar)   Season 2 All Episode 720p(lol anime myanmar)   Season 3 All Episode 720p(lolanime Myanmar)   Translated by Kan San Encoded by Shine Bo Bo Latt   Season 4   EPISODE 1 EPISODE 2 EPISODE 3 EPISODE 4 EPISODE 5 EPISODE 6 EPISODE 7 EPISODE 8   EPISODE 9 EPISODE 10 EPISODE 11 EPISODE 12 *********************   Season [5]   Episode 1 [1080p] Yandex / Racaty / Gdrive / Usersdrive  Episode 2 [1080p] Yandex / Racaty / ...
8.4
TMDb: 8.4/10 127 votes
tv

Food Wars! Shokugeki no Soma

2015
Bakuman 8.2
Bakuman ငယ်ငယ်လေးထဲက ပုံဆွဲတော်တဲ့ကောင်လေး Mashiro က မန်ဂဆရာဖြစ်ချင်တဲ့အိမ်မက်ရှိခဲ့တယ် ဉီးလေးဖြစ်သူကတော့ ကိုယ်တိုင်ကမန်ဂဆရာတစ်ယောက်ဖြစ်ပေမဲ့ တူဖြစ်သူ Mashiro ကိုတော့ မန်ဂဆရာဖြစ်စေဖို့လုံးဝမတိုက်တွန်းခဲ့ဘူး သူ့ကိုယ်သူကိုယ်လည်း အရှုံးသမားလို့သတ်မှတ်ထားခဲ့တယ် Mashiro ကြီးလာတဲ့အခါမှာတော့ မန်ဂဆရာဖြစ်ချင်တဲ့အိမ်မက်က ပျောက်ကွယ်လုဖြစ်နေပါပြီ တစ်နေ့ကျောင်းမှာ သင်္ချာမှတ်စုစာအုပ်လေးကျောင်းမှာကျန်ခဲ့လို့ပြန်သွားယူခဲ့ပေမဲ့ မန်ဂဆရာဖြစ်ချင်တဲ့အိမ်မက်ချင်းတူသူ Akito Takagi နဲ့ဆုံခဲ့ကြပါတယ် စကားပြောဖြစ်ကြတဲ့အခါမှာ Takagi က Mashiro ကြိုက်နေတဲ့ကောင်မလေးကိုသိတဲ့အကြောင်းနဲ့လျှောက်မပြောစေချင်ရင်သူနဲ့အဖွဲ့ဖွဲ့ပြီး မန်ဂဆရာလုပ်ဖို့စည်းရုံးခဲ့ပါတယ် ညနေမှာတော့ Takagi ကအတင်းခေါ်လို့ Mashiro တစ်ယောက်သူ့ crush လေးရဲ့အိမ်ရှေ့ကိုရောက်လာကြပါတယ် ကောင်မလေးက အသံသရုပ်ဆောင်ဖြစ်ချင်တဲ့သူပါအဲ့လိုနဲ့ Mashiro က သူ့ crush လေး ကိုမတော်တဆဖွင့်ပြောမိခဲ့ပါတယ် Miho ဆိုတဲ့သူ့ crush လေးကသူတို့အိမ်မက်တွေအကောင်အထည်ပေါ်လာတဲ့တစ်နေ့ကြရင်လက်ထပ်ကြမယ်လို့ကတိပေးခဲ့ပါတယ် ဒါပေမဲ့ သူတို့အိမ်မက်တွေအကောင်အထည်မပေါ်သေးမချင်း သူတို့လူချင်းမတွေ့ကြရဘဲ ဖုန်းနဲ့သာအဆက်အသွယ်လုပ်ရမယ်လို့ဆိုလာခဲ့ပါတယ် ဒီတော့ Mashiro တစ်ယောက် Miho လေးကိုလက်ထပ်ရဖို့ သူ့အိမ်မက်ကိုဘယ်လိုအကောင်အထည်ဖော်မလဲသူတို့အိမ်မက်တွေတကယ်ဖြစ်လာမှာလား တကယ်ကောလက်ထပ်ဖြစ်ကြမလားဆိုတာကိုတော့....... Episode 1 Episode 2 Episode 3 Episode 4 Episode 5 Episode 6 Episode 7 Episode 8 Episode 9 Episode 10 Episode 11 Episode ...
8.2
TMDb: 8.2/10 63 votes
tv

Bakuman

2010
Lunar Legend Tsukihime 7
Lunar Legend Tsukihime ဒီ Anime ကို Director Katsushi Sakurabi ကနေမှရိုက်ကူးထားတာဖြစ်ပြီးတော့ J.C.Staff Studio ကနေဖန်တီးထားတာဖြစ်ပါတယ် ဒီ Series ကို Manga ကနေမှရိုက်ကူးထားတာဖြစ်ပြီး Tsukihime Plus-Disc ဆိုတဲ့ Type-moon ကနေဖန်တီးထားတဲ့ Game လဲထွက်ရှိထားပါသေးတယ် Manga ကိုတော့ Sasaki Shonen ကနေမှဖန်တီးထားပြီး ASCll Media Works ကနေဖြန့်ချိထားပါတယ် ဇာတ်လမ်းကို မတော်တဆမှုတစ်ခုကြောင့် စိတ်ဝေဒနာခံစားနေရတဲ့ Shiki Tohnoဆိုတဲ့ကလေး ပေါ်မှာအခြေတည်ထားပါတယ် Shiki ဟာ မတော်တဆမှုတစ်ခုကြောင့် သူ့ဘဝမှာစိတ်ဒဏ်ရာရခဲ့ပြီး အဲ့မတော်တဆမှုကြောင့်ပဲ Tohno မိသားစုရဲ့အဝေးကိုပို့ခံထားရပြီး ဆွေမျိုးတစ်ယောက်ကိုပို့ခံထားရပါတယ် သူ့အိမ်သားတွေမသိသေးတာက Shiki ဟာမတော်တဆမှုအပြီးမှာ အရာဝတ္ထုတွေအပေါ်မှာရှိတဲ့ပုံဏ္ဍာန်တွေကိုမြင်နေရပြီး အထူးပြုလုပ်ထားတဲ့မျက်မှန်တပ်လိုက်မှသာ အဲ့ဒါတွေကိုမြင်နေရတာပျောက်သွားပါတတ်တယ်ဆိုတာပါပဲ နှစ်အတန်ကြာပြီးတဲ့နောက်မှာတော့ Shiki အထက်တန်းရောက်တဲ့အချိန်မှာပဲ Tohno မိသားစုရဲ့အကြီးအကဲဖြစ်တဲ့ သူ့အဖေဆုံးပါးသွားခဲ့ပြီးနောက်မှာတော့ သူ့ညီမ Akiha ဟာမိသားစုရဲ့အကြီးအကဲဖြစ်လာခဲ့ပြီး သူ့ကိုအိမ်ပြန်ခေါ်ခဲ့ပါတယ် Tohno မိသားစုဆီကိုပြန်လာတဲ့နေ့မှာပဲ Arcueid Brunstud ဆိုတဲ့ကောင်မလေးနဲ့ဝင်တိုက်မိရာက ရုတ်တရက်ဆိုသလိုခေတ္တခဏစိတ်ထိန်းချုပ်မှုလွတ်သွားပြီ ...
7
TMDb: 7/10 1 votes
tv

Lunar Legend Tsukihime

2003
A Certain Magical Index 7.3
A Certain Magical Index Name - A Certain Magical Index Episodes - 24 Status - Finished Airing Number of Seasons - 3 Source - Light novel Genres - Action, Magic, Sci-Fi, Super Power Duration - 23 min. per ep. Rating - 17+ (Violence) Review ဇာတ်လမ်းကိုတော့ နောင်နှစ် ၃၀ အကြာ၊နည်းပညာထွန်းကားတဲ့ "Acedamy City" ဆိုတဲ့ ကျောင်းအမျိုးမျိုးတည်ထောင်ထားတဲ့ မြို့ကနေအစပြုပါတယ်။တိုးတက်လာတဲ့နည်းပညာနဲ့အတူ ကျောင်းသားတွေမှာလည်းစိတ်စွမ်းအင်လိုအရာမျိူးတွေ ဖွံ့ဖြိုးလာခဲ့ပါတယ်။ ထိုကျောင်းသားတွေထဲကမှ "Touma Kamijou" ဆိုတဲ့ကျောင်းသားတစ်ယောက်ဟာ စွမ်းအားအဆင့် ၀ သာရှိပါတယ်။ဒါပေမဲ့မသိမှာမသိတာက သူ့မှာသိပ္ပံပညာရှင်တွေတောင်မရှင်းပြနိုင်တဲ့ " Imagine Breaker" ဆိုတဲ့ ဘယ်သဘာဝလွန်စွမ်းအားမျိုးကိုမဆိုပျက်ပြယ်စေနိုင်တဲ့ထူးဆန်းတဲ့စွမ်းအားတစ်ခုရှိပါတယ်။ ဒီလိုနဲ့ထိုအကြောင်းကိုသတိမထားမိဘဲTouma ဟာ သာမန်ကျောင်းသားဘဝလေးကိုဖြတ်သန်းနေစဉ် တစ်နေ့မှာ" Index Librorum ...
7.3
TMDb: 7.3/10 24 votes
tv

A Certain Magical Index

2008