MMANIME
Mobile Suit Gundam Wing

新機動戦記ガンダムW

1 Seasons 49 Episodes
Ended

Mobile Suit Gundam Wing

7.5
TMDb: 7.5/10 12 votes

General information

Original name新機動戦記ガンダムW

Backdrops

Mobile Suit Gundam Wing

Synopsis of Mobile Suit Gundam Wing

Gundam wing

Review

Wingဆိုတာကတော့😁
1995 မှာcastခဲ့တဲ့gundam series တစ်ခုပါ
Timelineအရဆိုရင် after colony timelineထဲကac195လောက်ကပေါ့။
အနာဂတ်တစ်ချိန်မှာလူသားတွေကကမ္ဘာနဲ့လကြားမှာရှိတဲ့Lagrange point(ကြီးမားတဲ့အရာဝတ္ထုနှစ်ခုရဲ့ကြားမှာပိုပြီးသေးငယ်တဲ့အရာဝတ္ထုတို့သည်ဒြပ်ဆွဲအား၏သက်ရောက်မှုနှစ်ခုကြေပျက်၍တည်ငြိမ်ရာအမှတ်။#ပိုပြီးသိချင်ရင်တော့wikiမှာမွှေနှောက်ကြပါကုန်)ငါးခုမှာကိုလိုနီအုပ်စုတွေဖွဲ့ပြီးတော့အာကာသထဲကိုနယ်ချဲ့လာကြတယ်။ကမ္ဘာပေါ်မှာကျတော့နိုင်ငံတွေအကုန်လုံးကUnited Earth Sphere Allianceဆိုတဲ့အဖွဲ့အစည်းတစ်ခုအဖြစ်ပေါင်းစည်းသွားကြတယ်။ဒီအဖွဲ့ကြီးကသူတို့ကိုဆန့်ကျင်ကြတဲ့သူတွေကိုကြီးမားတဲ့စစ်တပ်အင်အားနဲ့ဖိနှိပ်ကြတယ်ဗျ။ဒီဖိနှိပ်မှုကနေလွတ်မြောက်ချင်တဲ့အဖွဲ့တွေကြတော့Heero Yuyဆိုတဲ့စစ်ဆန့်ကျင်ရေးဝါဒသမားတစ်ယောက်ဦးဆောင်တဲ့လှုပ်ရှားမှုတစ်ခုမှာအတူတူပူးပေါင်းသွားကြတယ်။After Colony 175(AC 175)ရောက်တော့အဲ့ဒိHeero Yuyဆိုတဲ့လူကြီးကလုပ်ကြံသူတစ်ယောက်ရဲ့လက်ချက်နဲ့အသက်ဆုံးရှုံးခဲ့ရတယ်။အဲ့ဒိလုပ်ကြံသူကOZ(Organization of Zodiac)ကစိတ်ဓာတ်ကျနေတဲ့သိပ္ပံပညာရှင်၅ယောက်ကိုprototype mobile suitဖြစ်တဲ့Tallgeeseရဲ့ပြီးမြောက်မှုကိုပြန်ပြီးအာရုံစိုက်လာအောင်နှိုးဆော်ပေးခဲ့တယ်။

အခုဒီGundam Wingကတော့အပေါ်မှာပြောခဲ့တယ့်အတိုင်းပဲAC 195မှာOZကိုလက်စားပြန်ချေဖို့လုပ်နေတဲ့သိပ္ပံပညာရှင်တစ်ယောက်ရဲ့အစီအစဥ်တစ်ခုအကြောင်းနဲ့စပြီးတော့ဇာတ်အိမ်တည်ထားတယ်။အဲ့ဒိအစီအစဥ်မှာကကောင်လေးငါးယောက်ပါတယ်။
အဲ့ငါးကောင်ကိုလည်းခုနကအမှတ်တွေမှာနေတဲ့သိပ်ပ္ပံပညာရှင်ငါးယောက်ကနေတစ်ယောက်ချင်းစီကိုtrainပေးထားတာ။ပြီးတော့အဲ့ကောင်တွေကိုအရမ်းတိုးတက်နေတဲ့mobile suitတွေဖြစ်တဲ့Gundamတွေနဲ့ကမ္ဘာကိုလွတ်လိုက်တယ်။[ဘာဖြစ်လို့အဲ့ဒိmobile suitတွေကိုGundam တွေလို့ခေါ်တာလဲဆိုတော့သူတို့ကိုရှားပါပြီးအလွန်ကြာရှည်ခံ​ကာအာကာသအပြင်ဘက်မှာပဲလုပ်လို့ရတဲ့Gundanium alloy(စောင်ဆန်းနာမည်ကြီး)နဲ့လုပ်ထားတာကြောင့်ပါ။]လွတ်လိုက်တဲ့Gundamတွေကကိုလိုနီနယ်မြေတစ်ခုချင်းစီကဖြစ်ပြီးတော့pilotsငါး​ယောက်ကလည်းတစ်ယောက်ကိုတစ်ယောက်ရှိနေမှန်းမသိကြပါဘူးတဲ့ခင်ဗျာ။ကဲ..ဘာတွေဆက်ဖြစ်မယ်ဆိုတာကတော့စောင့်ကြည့်လိုက်ကြရအောင်။

 

 

Zawgyi

 

Wingဆိုတာကေတာ့😁
1995 မွာcastခဲ့တဲ့gundam series တစ္ခုပါ


 

Episode 1

Episode2

Episode3

Episode4

Episode5

…..Coming soon…..

#amethyst

Airs On
Release Year
Firt air date
Last air date1996-03-29
TypeScripted
Episode runtime25 min
Popularity11.278
TV StatusEnded

Seasons and episodes

No data available

Videos

No data available

Comments