preloader

Yuri is my job

By: Otaku Kingdom Myanmar

Link Count: 6

Plot Summary

Review~ အဆင့်ကောင်းကောင်းရပြီး အပြစ်ကင်းစင်တဲ့ နာမည်ကောင်းအပြင် ရုပ်ရည်ကပါ ချစ်စရာကောင်းနေတော့ ထိပ်ဆုံးအရောက်ပို့လိုက်သလိုပါပဲ။ သူမကတော့ Hime Shiraki ပါ သူမက အထက်တန်းကျောင်းသူလေးတစ်ဦးဖြစ်ပေမဲ့ မင်းသမီးလေးအဖြစ်နဲ့ သူမရ‌ဲ့ပုံရိပ်မှာ အများကိုလေးလေးနက်နက် ဂရုစိုက်ပြတတ်ပေမယ့် အတွင်းစိတ်က သူ့ကိုယ်သူသာ ဂရုစိုက်တဲ့သူပါ။ အဲဒီလို ဘဝပေးအလားအလာကောင်းတဲ့ သူမရဲ့ ပြီးပြည့်စုံတဲ့ပုံရိပ်ကို ထိန်းထားနိုင်သရွေ့တော့ သူမရဲ့ အိမ်မက်ဖြစ်တဲ့ လူတိုင်းရဲ့ အချစ်ခံရဖို့နဲ့ ဘီလျံနာတစ်ယောက်ရဲ့ဇနီးဖြစ်လာအောင် လုပ်ဆောင်နိုင်မှာပါ။ တစ်နေ့မှာ Hime ကလှေခါးပေါ်ကချော်ကျသွားပြီး Mai Mikoshiba အပေါ်ကိုလဲကျခဲ့တော့ သူမရဲ့လက်လည်းဒဏ်ရာရခဲ့တယ်။ အဲ့ဒီကနေ Mai က Cafe ဆိုင်ရဲ့ မန်နေဂျာဖြစ်ကြောင်း ထွက်ပေါ်လာခဲ့ပြီး ဒဏ်ရာကြောင့် သူအလုပ်မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် Mai ဒဏ်ရာမပျောက်‌မချင်း Hime ကို Cafe Liebe ဆိုင်မှာအစားထိုးဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ် Cafe မှာညီအစ်မဆက်ဆံရေး ‌ထားရှိထားပြီး Hime ရဲ့ Onee-sama(အစ်မ)ဖြစ်သူကတော့ Ayanokouji ပါ သူမနဲ့ Hime ရဲ့ ဆက်ဆံရေးက အများရှေ့မှာ အပြစ်မမြင် အကောင်းဆုံးနဲ့ အရင်းနှီးဆုံး လူတွေလိုနေပေမဲ့ တကယ်တမ်းနောက်ကွယ်ကျ သူမက Hime ကိုအမြဲစိတ်တိုနေတတ်ပါတယ် သူမနဲ့ Hime တို့ဆက်ဆံရေးကတကယ်ပဲကောင်းလာမှာလား ဆက်ပြီး ဆိုးရွားနေဦးမှာလားဆိုတာကို ‌April 6 ရက်နေ့ကျဆက်ပြီးစောင့်မျှော်ကြည့်ရှုပေးကြပါဦး

Anime Detail

Date of release: 2023

Status: RELEASING

Genre: Comedy , Romance

Scores: 6.2

Views:

//