
Hell's paradise
By: Paradise For Otaku
Link Count: 15
Plot Summary
[PFOs]Hell's Paradise 地獄楽(Jigoku Raku) Released Date : April 1st Studios: MAPPA Genres : Action, Fantasy Rating : R- 17+ (violence & profanity) Translator - Haruko Encoder - Spring Anime list ထဲက ကျွန်တော်တို့တင်ဆက်ပေးမဲ့ anime တွေထဲတစ်ခုဖြစ်ပါတယ် ယခင် page အဟောင်းမှာလည်းကြေငြာထားပြီးသားပါ။ တော်တော်လည်း မိုက်မဲ့ကားမို့ ကျွန်တော်ကတော့ အရမ်းမျှော်လင့်ထားပါတယ်။ April-1 ရက်နေ့ (စနေ) မှာ ထွက်မှာမို့ အတူတူရင်ခုန်ရင်းစောင့်ကြရအောင်ဗျာ Trailer - Comment Synopsis : Gabimaru ဟာ Iwagakure ရွာက အေးတိအေးစက်နဲ့အကြင်နာတရားခေါင်းပါးသူလို့ နာမည်ကြီးတဲ့ နင်ဂျာတစ်ဦးပါ။ သူဟာ လုပ်ဖော်ကိုင်ဖက်တွေရဲ့သစ္စာဖောက်မှုကိုခံလိုက်ရပြီး သေဒဏ်ကျခံလိုက်ရပါတယ်။ သစ္စာထောက်ခ့ရတာတွေ သတ်ဖြတ်ရတာတွေကို စိတ်ကုန်လာတဲ့ Gabimaru တစ်ယောက် သေဖို့အတွက်သာပြင်ဆင်ခဲ့ပါတော့တယ်။ ဒါပေမဲ့လည်း ဘယ်နည်းလမ်းကမှ သူ့ကိုမသတ်နိုင်ခဲ့ပါဘူး။ Gabimaru တစ်ယောက်ဝန်မခံချင်ပေမဲ့လည်း သူ့မှာ အသက်ရှင်သန်ရမဲ့အကြောင်းအရင်းတစ်ရပ်ရှိနေခဲ့ပါတယ်။ သူ့ရဲ့ဇနီးဖြစ်သူဆီကိုပြန်ချင်နေတဲ့ Gabimaru တစ်ယောက် တဖြည်းဖြည်းနှလုံးသားကနူးညံ့လာပြီး သေဖို့ကို စတင်ငြင်းဆန်ခဲ့ပါတော့တယ်။ နာမည်ကျော် အာဏာပါးကွက်သားကြီး Asaemon က အဲ့တာကိုမြင်တွေ့သွားတော့ Gabimaru ကို ဂျပန်ပြည်တောင်ပိုင်းက ကျွန်းတစ်ကျွန်းမှာ မသေဆေးရှာဖွေရေးအဖွဲ့နဲ့အတူ သွားရောက်ပူးပေါင်းစေခဲ့ပါတယ်။ မသေဆေးကိုရှာနိုင်ခဲ့ရင် Gabimaru ကို ရှိုဂွန်(1192-1876ကာလအတွင်းဂျပန်ပြည်ကိုအုပ်စိုးသောဧကရာဇ်) က အသက်ချမ်းသာခွင့်ပေးမှာပါ။ ဒါပေမဲ့လည်း အဲ့ဒီကျွန်းကြီးဟာ သာမန်ကျွန်းတော့မဟုတ်ခဲ့ပါဘူး။ ကျွန်းကြီးပေါ်မှာ ဘယ်လိုစွန့်စားမှုမျိုးတွေကြုံရမလဲဆိုတာဆက်လက်စောင့်ကြည့်ကြပါဦးရှင်။ #PFOs #HellsParadise
Anime Detail
Date of release: 2023
Status: FINISHED
Genre: Adventure , Fantasy
Scores: 8
Views: