
Boku no Kokoro no Yabai Yatsu
By: Senpai Anime Mm
Link Count: 4
Plot Summary
Kyotaro Ichikawa ဆိုတဲ့ကောင်လေးက Psycho စာတွေ ဝတ္ထုတွေ မကြာခဏဖတ်ပြီး အတန်းရဲ့နာမည်ကြီးကျောင်းသား ကျောင်းသူလေးတွေတွေ့ရင် မကောင်းကြံဖိုချည်း စိတ်ကူးလေ့ရှိတဲ့ မွေးကတည်းက ဘရိန်းချောင် ဘရောင်ချိန်းနေရှာတဲ့ ကျောင်းသား လေး ပေါ့ Ichikawa ချိန်နေတာကတော့ အတန်းဖော်တွေကြား ရေပန်းအစားဆုံး Anna Yamada ဆိုတဲ့ကောင်မလေး ဖြစ်တယ်ဗျ တစ်နေ့ မောင် Psycho တစ်ယောက် စာကြည့် တိုက်ထဲမှာစျာန်ဝင်လိုကောင်းနေတုန်း သကြားလုံးတွေ တနင့်တပြဲ စားနေတဲ့ Yamada ကို အမှတ်တမဲ့တွေ့သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ အချင်းချင်းစကားစမိရကနေ Yamada ကလည်း သူ့လို ပလပ် ကျွတ်နေတဲ့ကောင်မလေးမှန်းသိလိုက်ရတ ဲ့အချိန်မှာတော့ Ichikawa လည်း မတတ်လိုနေသာ ဘေးကနေအမြဲကူညီ ပေးရပါတော့တယ် ဒီလိုနဲ့ ခင်မင်လာကြတဲ့အခါမှာ တစ်ဦးအပေါ် တစ်ဦး စကြနောက်ကြရယ်မောကြရင်း ရဲ မောင် Psycho ရဲ့ကျပ်မပြည့်တဲ့နှလုံးသားလေး ပြောင်းလဲသွားမလားဆိုတာကတော့ Seiyuu တွေအနေနဲ့ 🎙️ မောင် Psycho အဖြစ် - Horine Shun 🧑 | ပလပ်ကျွတ်ချင်သူလေးအဖြစ် Youmia Hina 👩 တိုမှအဓိကပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ် Boku no Kokoro wa Yaibai Yatsu ကြည့်ပြီး ဘဝအမောတွေ ခေတ္တပြေ ပျောက်သွားပါစေဗျာ ✨ ... read less
Anime Detail
Date of release: 2023
Status: RELEASING
Genre: Comedy , Romance
Scores: 7
Views: