
Kuma Kuma Kuma Bear season2
By: Senpai Anime Mm
Link Count: 3
Plot Summary
ဒီကားလေးလဲ Season 2 ထွက်ပါပြီ 2023 က Isekai တွေရဲ့နှစ်ပါဘဲ မှတ်မှတ်ရရ Season 1 ကိုပြန်ဆက်ရမယ်ဆိုရင် အသက် 15 နှစ်အရွယ် Yuna ဆိုတဲ့ ကောင်မလေးက အိမ်တွင်း ပုန်း ကျောင်းပြေးလေးတစ်ယောက်ဖစ်ပြီး VRMMO ဆိုတဲ့ ဂိမ်း ကစားတာကို အလွန်နှစ်သက်ခုံမင်တဲ့ ကလေးမလေးတစ်ယောက် ဆိုရင်လဲမမှားဘူးပေါ့ အဲ့ဒီ ဂိမ်းဟာဆိုရင် Fantasy လောကကြီး ထဲမှာ တကယ့်လက်တွေ့ကမ္ဘာကြီးလို နေထိုင်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး အကြိမ် World Fantasy Online Game ပါအဲ့ဒီဂိမ်းနဲ့ နှစ်ပါးသွားလိုက်တာ တစ်နှစ်ကြာပြီးတဲ့နောက်မှာတော့ Yuna ဟာ ဂိမ်းကို စွဲစွဲလန်းလန်း ဆော့ကစားနေတဲ့သူဖြစ်လာခဲ့တယ် တစ်နေ့ တော့ Game Update ကြီးတခု ပေါ်ထွက်လာခဲ့ ပြီးတဲ့ နောက် ပုံမှန်ကစားချိန်ထက် ပိုဆော့ကစားတဲ့ player တွေအတွက် ဂိမ်း Developer တွေကအထူးလက်ဆောင်တစ်ခုစီမံပေးခဲ့တယ် အဲ့တာကတော့ သေတ္တာများစွာတွေထဲက ကိုယ်ကြိုက်နှစ်သက်ရာ သေတ္တာတစ်ခုကို အထူးလက်ဆောင်အနေနဲ့ ရွေးချယ်ခိုင်းတာပါ အဲ့ဒီလိုနဲ့ Yunaဟာ သူ့ရှေ့မှာ ရှိတဲ့ သေတ္တာတခုကို ရွေးချယ်ခဲ့ ပီ အဲ့ဒီထဲကနေ ထူးဆန်းတဲ့ ဝတ်ဝံဝတ်စုံလေးနဲ့အတူ ဝက်ဝံ လက်အိတ်နှစ်ခု၊ ခြေစွတ်နှစ်ခု တိုကို ရရှိသွားတဲ့အခါမှာတော့ Yuna တစ်ယောက် အလွန်ပင် ထူးဆန်းအံ့သြသွားခဲ့ပါတယ် ရှက်စရာ ကောင်းတယ်လိုထင်တဲ့ ဝက်ဝံဝတ်စုံလေးကို ရတာနဲ့ Yuna ဟာ VRMMO, World Fantasy Online ဂိမ်း ကမ္ဘာထဲကို ပိုဆောင်ခြင်းခံလိုက်ရပါတော့တယ် အဲ့ဒီလိုနဲ့ Fantasy ကမ္ဘာထဲကို ဝက်ဝံဝတ်စုံ လေးနဲ့အတူ ရောက်ရှိသွားတဲ့ Yuna တစ်ယောက် ဘယ်လိုအရာတွေက သူ့ကို စောင့်ကြိုနေမလဲ ? သူမထင်မှတ်ပဲ ရရှိခဲ့တဲ့ အဲ့ဒီ ဝက်ဝံဝတ်စုံလေးကရော ဘယ်လိုစွမ်း အင်တွေ ပေးသွားမလဲ ဆိုတာကို ချစ်စရာကောင်း လောက် အောင် စောင့်ကြည့်သွားရမှာဖြစ်ပါတယ် Seiyuu တွေအနေနဲ့ 🎙️ Yuna အဖြစ် - Kawase Maki 👩 မှအဓိကပါဝင်သရုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်
Anime Detail
Date of release: 2023
Status: RELEASING
Genre: Adventure , Comedy
Scores: 7
Views: