
Niehime to Kemono no Ou
By: Senpai Anime Mm
Link Count: 4
Plot Summary
လူသားနဲ့သားရဲတွေယှဥ်တွဲနေထိုင်ကြတဲ့ ခေတ်တစ်ခု လွန်ခဲ့သော ကာလ နှစ် 100 စစ်ပွဲအပြီးမှာ သားရဲတိုရဲ့ဘုရင် ပွဲတော်တည်ဖို အတွက် နှစ်စဥ်နှစ်တိုင်း စတေးခံ အပျိုစင်တစ်ယောက်ဆီ ဆက်သ ရလေ့ရှိသတဲ့ ယဇ်ပူဇော်တဲ့ဓလေ့ထုံးစံအတိုင်း 99 နှစ် မြောက်မှာ 15 နှစ်အရွယ် ကောင်မလေး Sariphi က စတေးခံ ဖြစ်လာပြီး သူမနေထိုင်တဲ့ရွာကနေ သားရဲတိုင်းပြည် Ozmargo ဆီသို ယဇ် ပူဇော်ရန် အဓမ္မဆောင်ကြဥ်းခံရပါတော့တယ် အရင်စတေးခံတွေနဲ့ မတူဘဲ Sariphi ရဲ့ ကြောက်ရွံမှုကင်းမဲ့တဲ့ အပြုအမူဟာ သားရဲဘုရင်ကြီးရဲ့ နှလုံသားထဲအထိရိုက်ခတ်စေခဲ့တယ် Sariphi ကို ဘာကြောင့် မကြောက်ရသလဲမေးရင်း ကောင်မလေးရဲ့အတိတ ် ကံဆိုးရွားလွန်းတာကို သိသွားတဲ့အခါမှာ ဂရုဏာသက်သွားတာနဲ့ သားရဲ ဘုရင်ကြီးကနေ ယဇ်ပူဇော်မယ့် ညမတိုင်ခင်အထိ သားရဲ တိုင်းပြည်ကြီးမှာ လွတ်လွတ်လပ်လပ်သွားခွင့်ပြု လိုက်ပါတော့တယ် Sariphi နဲ့ သားရဲဘုရင်ကြီးဟာ ခဏလေးအတွင်းမှာဘဲ တစ်ယောက်နဲ့တစ်ယောက်နှစ်သိမ့်စကားအားပေးရင်း သားရဲဘုရင် ကြီးက Sariphi လေးကိုမေတ္တာသက်ဝင် သံယောဇဥ်ရှိလာတဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ လူသားတွေကို မုန်းတီးနေတဲ့ သားရဲတွေကရော သူတိုဘုရင်ကြီးက လူသားမိန်းကလေးကို လက်ထပ်မှာ ကိုလက်ခံနိုင်ကြမလား၊ သူတိုနှစ်ယောက်ရဲ့ ဘဝလမ်းခရီးဟာ ဖြောင့်ဖြူးနိုင်မလားဆိုတာကိုတော့ ကြည်ကြည်နူးနူးနဲ့စောင့်ကြည့်သွားရမှာဖြစ်ပါတယ် Seiyuu တွေအနေနဲ့ 🎙️ သားရဲဘုရင်ကြီးအဖြစ် - Hino Satoshi 🧑 | Sariphi လေးအဖြစ် Kana Hanazawa 👩 တိုမှ အဓိကပါဝင် သရုပ်ဆောင်သွားမှာဖြစ်ပါတယ် ဒီ Anime လေးကြည့်ပြီး ဘဝအမောတွေဖြေဖျောက်နိုင်ပါစေဗျ 💓 ... read less Season 1
Anime Detail
Date of release: 2023
Status: RELEASING
Genre: Drama , Fantasy
Scores: 6.6
Views: