[MMAnime] Yuuna and the Haunted Hot Springs : Yuragi-sou no Yuuna-san
- 8
- Comedy
- Season 1
- 2022
![[MMAnime]](https://cdn.myanimelist.net/images/anime/1462/98802.jpg)
Fuyuzora Kogarashiဟာ ငယ်စဉ်ကတည်းက တစ္ဆေသရဲတွေကို တွေ့မြင်နိုင်တဲ့ထူးခြားစွမ်းရည်ရှိသူတစ်ဦးဖြစ်ပါတယ်။အဲ့ဒီကိစ္စရပ်တွေကြောင့်ပဲ သူ့အနေနဲ့အခက်အခဲတွေကိုကြုံတွေ့နေရတာကြာခဲ့ပါပြီး။တစ်နေ့မှာတော့ အထက်တန်းကျောင်းသားဖြစ်တဲ့သူက သရဲခြောက်တယ်လို့နာမည်ကြီးတဲ့ Yuragiအိမ်ယာကို ပြောင်းရွှေ့ဖို့ရာ အကြောင်းဖန်လာပါတော့တယ်။သူ့လိုမျိုး အိမ်ပိုင်မရှိတဲ့၊ဆင်းရဲတဲ့သူတစ်ယောက်အတွက် ဒီလိုသရဲခြောက်တယ်လို့နာမည်ကြီးတဲ့ Yuragiအိမ်ယာက ဈေးသက်သာလွန်းတဲ့နေစရာဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ သရဲမြင်နိုင်တဲ့အစွမ်းကိုအယုံအကြည်ရှိပြီး ဇွတ်နှစ်လိုက်ကာမှ ခြောက်တဲ့သရဲက Yuunaဆိုတဲ့ အသက် (၁၆) နှစ်အရွယ် ချစ်စရာသရဲမလေးဖြစ်နေပါတယ်။ တလွဲအခန်းဖော်တွေကလည်း အလွှာစုံကမို့ အခွီးဖြစ်လာမှာသေချာပါတယ်။အဆိုပါ သရဲမလေးကျွတ်လွတ်မှသာ သူ့အနေနဲ့အဆိုပါအိမ်ယာမှာငှါးရမ်းခပေးစရာမလိုပဲ နေခွင့်ရမှာဖြစ်တဲ့အတွက် အဆိုပါ သရဲမလေးကျွတ်လွတ်ဖို့ရာ သူမရဲ့မပြီးပြတ်ခဲ့တဲ့အလုပ်တွေကို ပြီးပြတ်အောင်ကူညီပေးရပုံကို Comedyအသားပေးရိုက်ကူးထားတာပဲဖြစ်ပါတယ်ဗျ။