[MMAnime] Todays Menu for the Emiya Family : Todays Menu for the Emiya Family
- 10
- Romance
- 1
- 2000
![[MMAnime]](https://i.ytimg.com/vi/wRU4p3ziy8Y/maxresdefault.jpg)
- ဒီတစ်ခါမှာတော့ အစားအသောက်ကြိုက်တဲ့ anime fan လေးတွေအတွက် food anime လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။- Shirou ဆိုတဲ့ကောင်လေးဟာ Saber ကို ကြိတ်သဘောကျနေတာဖြစ်ပြီး နှစ်သစ်မကူးခင် အဖြေရဖို့ ကြံနေတာဖြစ်ပါတယ်။ ဒီကောင်လေးမှာရှိတဲ့ စွမ်းရည်တစ်ခုကတော့ ဟင်းချက်ကောင်းတာ ဖြစ်ပါသတဲ့။- ဒီလိုနဲ့ ခရစ္စမတ်နှစ်မကူးခင် နေ့တိုင်း Saber ကို ဟင်းချက်ကျွေးပြီး ပိုးပါတော့တယ်။- storyline တစ်ခုကို ဦးစားပေးပြီး ရိုက်ကူးထားတာမဟုတ်လို့ storyline သမားတွေတော့ကြိုက်မှာမဟုတ်ပေမယ့် ဂျပန်အစားအစာတွေနဲ့ အဲ့ဒီအစားစာတွေရဲ့ အဓိပ္ပာယ်လေးတွေကို ဖော်ပြပေးတဲ့ ကားလေးမလို့ food lover, culture lover တွေတော့ သဘောကျပါလိမ့်မယ်။- Food war လို pornography အသားပေးမဟုတ်တာကြောင့် အား.. အီး.. ကီမုချိ..ဘလာဘလာ ဘလာတွေမပါတဲ့အတွက် နားကြပ်ဆောင်စရာမလိုပါဘူး။ ဒီကားလေးကို Blossom anime ကနေ တစ်ပတ်တစ်ပိုင်း တင်ဆက်ပေးသွားမှာမလို့ စောင့်မျှော်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။#blossom_anime