[MMAnime] Kaicho wa Maid-sama : Kaicho wa Maid-sama
- 10
- Romance
- 1
- 2000
![[MMAnime]](https://i.pinimg.com/originals/d4/43/b3/d443b347a5925c7317565cf70801eeb4.jpg)
ကျောင်းသားကောင်စီရဲ့ ပထမဆုံး အမျိုးသမီးဥက္ကဋ္ဌဖြစ်ရတာ မလွယ်ပါဘူး။ အထူးသဖြင့် ကိုယ့်ရဲ့ကျောင်းဟာ ယောက်ျားလေးအထက်တန်းကျောင်းကနေ မိန်းကလေးတွေနဲ့ ယှဉ်တွဲပညာသင်ကြားရေးကို ကူးပြောင်းတဲ့အခါမှာပေါ့။ နတ်ဆိုးဥက္ကဋ္ဌ ဆိုတဲ့ နာမည်ပြောင်နဲ့ လိုက်ဖက်စွာပဲ ယောက်ျားလေးတွေအတွက်တော့ စည်းကမ်းနဲ့ပတ်သက်ပြီး တင်းကျပ်တဲ့ပုံစံနဲ့ အာယူဇာဝါ မီဆာကီဟာ သူမကျွမ်းကျင်ပိုင်နိုင်တဲ့ အာအီကီဒိုနည်းစနစ်ကိုအသုံးပြီး အကျင့်ပျက်လုယက်ဖျက်ဆီးတတ်တဲ့ ယောက်ျားလေးတွေကိုတရားစီရင်ပြီး ဆဲအိကာအထက်တန်းကျောင်းမှ မိန်းကလေးတွေကို မကြောက်မရွံ့ကာကွယ်စောင့်ရှောက်ပေးခဲ့တယ်။အပြစ်ပြောစရာမရှိဘူးလို့ထင်ရတဲ့အာယူဇာဝါမှာ အကြွေးဆပ်နိုင်ဖို့အတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ သူမရဲ့မိသားစုကိုကူညီနိုင်အောင် အိမ်ဖော်ကဖေးမှာအချိန်ပိုင်းအလုပ်ဝင်လုပ်နေရတဲ့ အရှက်ရဖွယ်လျှို့ဝှက်ချက်ရှိတယ်။ အဖွဲ့ဝင်ကျောင်းသားတွေနဲ့ ခြောက်ပြစ်ကင်းသဲလဲစင်တဲ့ ကျောင်းသူတစ်ယောက်ရဲ့ပုံရိပ်ကို ထိန်းသိမ်းနိုင်ရန်အတွက် သူမရဲ့အလုပ်အကြောင်းကို ဖုံးကွယ်ထားနိုင်ခဲ့တယ်။ အူဆူအီ တာကူမီဆိုတဲ့ ကျောင်းမှာလူသိများတဲ့ကောင်လေးတစ်ယောက်ဟာ အိမ်ဖော်ကဖေးကို လမ်းလျှောက်ဝင်လာတဲ့နေ့မတိုင်ခင်အထိပေါ့။ သူဟာ ဒီလျှို့ဝှက်ချက်ကိုအသုံးချပြီးတော့ သူမရဲ့ဂုဏ်သိက္ခာကိုပဲ နင်းချေလေမလား ဒါမှမဟုတ် ကျောင်းသားကောင်စီရဲ့ဥက္ကဋ္ဌကို အကြပ်ကိုင်ပြီးတော့ သူမနဲ့နီးစပ်နိုင်ရန် အခွင့်ကောင်းတစ်ခုလိုပဲ အသုံးချလေမလားဆိုတာကတော့....Reference: MALLazyAss