• Home
  • Hentai
  • Discord
  • About
  • Policy
  • DMCA

[MMAnime] Pokemon Indigo League : Pokemon

  • 7.35
  • Action
  • Season 1
  • 2022
[MMAnime]

Pokémon : Indigo League ဆိုတာ နာမည်ကို မသိကြရင်တောင်မှ လူတိုင်းနီးပါး ရဲ့ ဘဝမှာ ပထမဆုံး ကြည့်ခဲ့ဖူးတဲ့ series တွေထဲ ပါမယ် ဆိုတာ ငြင်းရက်စရာ မရှိပါဖူး ... ရှပ်ပြာရှပ်ပြာနိုင်တဲ့ ၁၀ နှစ်အရွယ် ကောင်လေးတစ်ယောက် သူ့ဘဝရဲ့ ၁၀ ကြိမ်မြောက် မွေးနေ့ မှာ ပထမဆုံး Partner ကို စတင်ရွေးချယ် ခဲ့ရာကနေ စတင်ခဲ့တဲ့ စွန့်စားခန်းကြီးဟာ 1997 ကနေ စလို့ လက်ရှိ အချိန်အထိ 23 နှစ် တိုင်တိုင် ရှိခဲ့ပြီ ဖြစ်ပါတယ် ... ကျွန်တော်တို့ အားလူံး နီးပါး ရဲ့ ကလေးဘဝကို လွှမ်းမို့ ထားနိုင်ခဲ့တဲ့ ချစ်စရာ အဝါရောင် လျှပ်စစ် ကြွက်လေးနဲ့ သူ့ Partner တို့ရဲ့ သမိုင်းကြောင်း ကို ပြန်လှန်ကြည့်ရမယ် ဆိုရင် ... 1997 ခုနှစ် မှာ Animation Franchise ကြီးတစ်ခုလုံးကို စတင် ခဲ့ပြီး 1st season မှာ တင် 82 ပိုင်း အထိ ရှိခဲ့ပြီး IMDB မှာလဲ Rating 7.5/10 ရရှိခဲ့တဲ့ အထိ အောင်မြင်ခဲ့တဲ့ အတွက် လက်ရှိ အချိန်အထိ series တွေ ဆက်ထုတ်နေဆဲ ဖြစ်တဲ့ 23 နှစ် သက်တမ်း ရှိ Franchise ကြီးဖြစ်ပါတယ် ... ( ဒါပေမယ့် Protagonist ကတော့ အသက်ကြီးမလာခဲ့ပါဖူး ယခု ကျွန်တော် တို့ ဘာသာ ပြန်ထားတဲ့ Series ကတော့ အဆို Franchise ကြီးရဲ့ ပထမဆုံး Season ဖြစ်တဲ့ Indigo League ရဲ့ English Dubbing verion (1998 တွင် စတင် ပြသခဲ့) ဖြစ်ပြီး အပိုင်း 80 ပါရှိကာ ရှိသမျှ အပိုင်း အကုန်လုံးကို Myanmar Subtitle နဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ် ... Pocket Monster ... အတိုကောက် အနေနဲ့ Pokémon တဲ့ ... ကမ္ဘာ ကြီးပေါ်က ထူးခြား စမ်းကြယ် တဲ့ မှော်သတ္တဝါ လေးတွေပေါ့ ... သူတို့ကို ကုန်းပေါ်မှာလဲ တွေ့နိုင်တယ် ... ရေထဲမှာလဲ တွေ့နိုင်တယ် ... လေထဲမှာလဲ တွေ့နိုင်တယ် ... ဒါ့အပြင် မြေကြီးထဲ ၊ သစ်ပင်တွေထဲ ၊ တခြား သော ကမ္ဘာတွေနဲ့ အာကာသ ထဲ အထိတောင်မှ တွေ့နိုင်ပါတယ် ... Ash Ketchum ဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့ ၁၀ နှစ်ပြည့် မွေးနေ့မှာ အအိပ်မက် နေခဲ့လို့ Professor ကြီးတစ်ယောက်ရဲ့ First Trainer life's Stater Pokémon ပေးမယ့် အစီအစဉ်ကို လွဲချော်ခဲ့ရတယ် ... သူအိပ်ယာနိုးနိုးချင်းပြေးသွားခဲ့ပေမယ့် ... နောက်ဆုံးမှာတော့ မမှီခဲ့ဘဲ သူရောက်သွားတဲ့ အချိန်မှာ Starter Pokémon တွေဟာတခြားသူတွေ လက်ထဲ ရောက်သွားခဲ့ပါပြီ ... ဒါပေမယ့် နောက်ဆုံး ကျန်ခဲ့တဲ့ Pokémon လေးတစ်ကောင် ... Starter ဖြစ်ဖို့ သေချာ လေ့ကျင့်ပေးထားပြီးသား တော့ မဟုတ်ခဲ့ပေမယ့် ကံပါလို့ တွေ့ဆုံခဲ့ရတဲ့ အဝါရောင်လျှပ်စစ် ကြွက်လေးဟာ Ash ရဲ့ ပထမဆုံး Pokémon ဖြစ်လာခဲ့ပြီးတဲ့ နောက်မှာ ... ဖြစ်လာခဲ့တဲ့ ဇာတ်လမ်းတွေ ... စွန့်စားခန်းတွေ ... ဝမ်းနည်းစရာ ... ပျော်ရွှင်စရာ တွေကို ... ... ... တွေေ၀ မနေပဲ အခုပဲ စီးမြော ခံစားကြည့်လိုက်ကြပါစို့ဗျာ ... ဒီ series ကိုတော့ Pocket Monster Myanmar Page https://www.facebook.com/pokemonmyanmartrainer www.facebook.com/pokemonmyanmartrainer နဲ့ No One Can't Beat Fansubs တို့မှ ပူးပေါင်း တင်ဆက်ပေးထားပါပြီး ... Franchise ထဲက ပထမဆူံး series တွေက တကယ့် Golden Series ကြီးတွေမို့လို့ လက်မလွှတ်သင့်ဖူးနော် ... ... ... - Kemushe (Pocket Monster Myanmar)

Genres

Action Adventure