• Home
  • Hentai
  • Discord
  • About
  • Policy
  • DMCA

[MMAnime] Joran The Princess of Snow and Blood : Joran The Princess of Snow and Blood

  • 10
  • Romance
  • 1
  • 2000
[MMAnime]

၁၉၃၁ခုနှစ်တုန်းကပေါ့....အသက်၉၄နှစ်ရှိပြီဖြစ်တဲ့မင်းသား Tokugawa Yoshinobu ဟာဂျပန်နိုင်ငံတစ်ခုလုံးကိုအုပ်ချုပ်သတဲ့။ Meijiခေတ်ကာလရဲ့ရိုးရာအငွေ့အသက်လေးတွေတော့ရှိနေတယ်ဆိုပေမယ့်ပိုပြီးအဆင့်မြင့်တဲ့သိပ္ပံနည်းပညာတွေအနေနဲ့ပေါ့။ဂျပန်နိုင်ငံရဲ့စကြာဝဠာဗေဒဆိုင်ရာနည်းပညာဖြစ်တဲ့ Onmyod oဆိုတာတွေကလည်းတိုးတက်လာတာကြောင့်ခေတ်မီလာခဲ့တယ်။သို့သော်အဲ့ဒီဟာတွေကြားထဲမှာမှအမှောင်ဖောင်လွှမ်းပြီးမှေးမှိန်နေတဲ့အဖွဲ့တစ်ဖွဲ့ရှိပါတယ်။Kuchinawa ဆိုတဲ့ဆန့်ကျင်သူပုန်အဖွဲ့ပေါ့။သူတို့ရဲ့ရည်ရွယ်ချက်ကတော့ မင်းသားကိုလုပ်ကြံဖို့နဲ့တိုင်းပြည်အုပ်ချုပ်မှုစနစ်ပျက်ပြားဖို့ပါပဲ။ဒီဆန့်ကျင်သူပုန်အဖွဲ့ကိုရှင်းပစ်ဖို့တာဝန်ပေးခံရတာကတော့ အစိုးရရဲ့လက်မရွံ့သူလျှိုအဖွဲ့ဖြစ်တဲ့Nueပါပဲ။အဲ့သူလျှိုအဖွဲ့ထဲမှာပါရှိတဲ့ Sawa Yukimura ဆိုတဲ့မိန်းကလေးမှာ Kuchinawa ခေါင်းဆောင်နဲ့ပတ်သက်ပြီးဒဏ်ရာတွေရှိခဲ့ဖူးပါတယ်။အကြောင်းအရင်းကတော့သူ့မိသားစုတစ်စုလုံးအသတ်ခံရခြင်းပါပဲ။အဲ့တာနဲ့ပတ်သက်ပြီးလက်စားချေဖို့အတွက်သူ့အသက်ရင်းထားတဲ့သူတစ်ယောက်ပါ။ကဲ ဇာတ်လမ်းကတော့စိတ်ဝင်စားဖို့ကောင်းလာပါပြီ။Nueအဖွဲ့ကတာဝန်ကိုပြီးဆုံးအောင်လုပ်နိုင်ပါ့မလားKuchinawa ကပဲလုပ်ကြံမှုကိုအကောင်အထည်ဖော်နိုင်မလားSawa Yukimuraကကောလက်စားချေတာအောင်မြင်နိုင်ပါ့မလားဒါမှမဟုတ်သူ့မိသားစုလိုပဲ သူလည်းထပ်ပြီးအသက်ရင်းရဦးမှာလားဆိုတာကတော့...ဆက်လက်ကြည့်ရှုပေးပါခင်ဗျာ...

Genres

Romance Fantasy