[MMAnime] Boku wa Tomodachi ga Sukunai : boku wa tomodachi ga sukunai
- 10
- Comedy
- Season 1
- 2011
![[MMAnime]](https://cdn.myanimelist.net/images/anime/8/32873.jpg)
Kodaka Hasegawaဆိုတဲ့ဒုတိယနှစ်အထက်တန်းကျောင်းသားက သူ့အဖေရဲ့အလုပ်ကြောင့် ကျောင်းအသစ်ကိုပြောင်းလိုက်ရတယ် သူကစိတ်ကိုအကောင်းဆုံးပြင်ဆင်လိုက်ပြီး သူငယ်ချင်းအသစ်တွေတောင်ရနိုင်မယ်လို့ထင်ခဲ့ပါတယ် ဒါပေမဲ့ Kodakaဟာကျောင်းစစတက်ချင်းမှာပဲ သူ့ရဲ့ရွှေရောင်ဖျော့ဆံပင်နဲ့ ရုတ်တရက်ကြမ်းကြုတ်ဆိုးသွမ်းတဲ့အပြုအမူအချို့ကြောင့် ကျောင်းတစ်လျှောက်နာမည်ဆိုးနဲ့ကျန်ရှိနေပါတော့တယ် တစ်လလောက်ကုန်သွားပေ့မဲ့ Kodakaက သူ့နာမည်ဆိုးကြောင့်အထီးကျန်နေတုန်းပဲ တစ်နေ့မှာတော့ Yozora Mikazukiဆိုတဲ့ Kodakaရဲ့အတန်းဖော်ဟာ စာသင်ခန်းလွတ်ထဲမှာစိတ်ကူးယဉ်သူငယ်ချင်းနဲ့တစ်ယောက်တည်းစကားပြောနေတာကိုတွေ့သွားတယ် အဲ့နောက်မှာ သူတို့အထက်တန်းကျောင်းသားဘ၀တွေရဲ့ အထီးကျန်မှုတွေကိုမျှဝေကြရင်း သူတို့နှစ်ယောက် သူငယ်ချင်းတွေအတူတူဖွဲ့ဖို့ အကြံရသွားတဲ့အခါမှာတော့ အိမ်နီးနားချင်းClub(Neighbors Club)ကိုထူထောင်လိုက်ပါတော့တယ် ကျောင်းမှာအရာရာထူးချွန်ပြီးကျော်ကြားပေမဲ့ သူ့အတွက်အဖော်ပြုပေးနိုင်မဲ့သူငယ်ချင်းတွေလိုချင်နေတဲ့ Sena Kashiwazaki,စတဲ့တစ်မူထူးခြားတဲ့အမျိုးသမီးဇာတ်ကောင်တွေနဲ့အတူ ပျော်စရာအထက်တန်းကျောင်းသားဘ၀မှာ ဘယ်လိုဟာသအဖုံဖုံနဲ့သူငယ်ချင်းရအောင်ကြိုးစားကြမလဲဆိုတာကိုတော့............................. ဇာတ်လမ်းတွင်ကိုယ်တိုင်ကြည့်ရှုခံစားနိုင်ပါတယ်