[MMAnime] The Duke of Death and His Maid : Shinigami Bocchan to Kuro Maid
- 10
- Romance
- 1
- 2000
![[MMAnime]](https://cdn.thetealmango.com/wp-content/uploads/2021/09/4-75.jpg)
Review======Bocchan ဆိုတဲ့ငယ်ရွယ်တဲ့မြို့စားလေးဟာ စုန်းမတစ်ယောက်ရဲ့ကျိန်စာကြောင့် သူထိတွေ့လိုက်တဲ့အရာမှန်သမျှကိုသေဆုံးစေနိုင်တဲ့ အစွမ်းကိုမလိုချင်ပဲရရှိခဲ့ပါတယ်။ အဲ့ဒီစွမ်းအားကြောင့် သူ့ရဲ့မိသားစုတွေကလက်မခံတော့ပဲ တောနက်ထဲကစံအိမ်ကြီးတစ်ခုဆီကို နှင်ထုတ်ခဲ့ကြပြီး သူ့ရဲ့ဖြစ်တည်မှုကိုဖျောက်ဖျက်ပစ်ခဲ့ကြပါတယ်သို့သော်လည်း မြို့စားလေးဟာ တစ်ယောက်တည်းအထီးကျန်မနေခဲ့ပါဘူး။ သူ့ရဲ့ဘေးနားမှာ ဘဏ္ဍာစိုး Rob နဲ့ အစေခံမလေး Alice တို့ဟာအမြဲရှိနေပေးခဲ့ပါတယ်။ အစေခံမလေး Alice ဟာ မြို့စားလေးအပေါ် အမြဲစနောက်နေခဲ့ရာေကြာင့် သံယောဇဉ်တွေတိုးလာပြီး မြို့စားလေးဟာသူ့ရဲ့ကျိန်စာကိုဖျောက်ဖျက်နိုင်အောင်ကြိုးစားခဲ့ပါတယ်။ ဘယ်လိုအကူအညီတွေ၊သဘာဝလွန်စွမ်းအားတွေနဲ့ ကျိန်စာကိုဖျက်နိုင်မလဲ၊ သူတို့ရဲ့ထိေတွ့လို့မရတဲ့အချစ်ဇာတ်လမ်းလေးဘယ်လိုရှေ့ဆက်လာမလဲဆိုတာကို အသဲတယားယားနဲ့ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်...#otaku_kingdom_myanmar