[MMAnime] To Be Heroine : To Be Hero
- 10
- Romance
- 1
- 2000
![[MMAnime]](https://chanime.net/wp-content/uploads/2017/12/tobehero05.jpg)
ဒီAnimeလေးမှာတော့ Uncle လို့ခေါ်တဲ့လူကြီးဟာ အလွန်ဆွဲဆောင်မှုရှိပြီး ချောမောတဲ့လူတယောက်ဖြစ်ပါတယ်။ သူဟာ ဖခင်တယောက်အနေနဲ့တေ့ာတာဝန်မကျေခဲ့ပါဘူး။ သူဟာသူ့မိန်းမနဲ့ကွာရှင်းပြီးကတည်းက အိမ်သာထိုင်ခုံ designer အဖြစ်အလုပ်လုပ်ကာ သမီးဖြစ်သူ Min-chanနဲ့အတူတူနေထိုင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ သမီးဖြစ်သူ Min-Chan နဲ့အတူတူ အိမ်ပြန်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ Uncleဟာအိမ်သာတက်နေတုန်း မိလ္လာပိုက်ထဲကိုဆွဲချခံလိုက်ရပါတော့တယ်။ ဒီလိုနဲ့သူဟာ ဘယ်နေရာမှန်းမသိတဲ့နေရာတစ်ခုကိုရောက်သွားပြီး လူသန်ကြီးတစ်ယောက်ရဲ့ အရေးတကြီးတာဝန်တစ်ခုကိုပေးအပ်ခြင်းခံခဲ့ရပါတယ်။ အဲ့ဒီတာဝန်ကတော့ သူဟာ သူရဲကောင်းတစ်ယောက် ဖြစ်လာပြီး ကမ္ဘာကြီးကို ရန်သူတွေလက်ထဲကနေ ကာကွယ်ဖို့ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ Uncle ဟာ အိမ်သာကျင်းထဲက ပြန်ထွက်လာပြီးနောက် သူရဲ့ ချောမောလှပတဲ့ရုပ်ရည်ဟာပျောက်ဆုံးသွားပြီး လူဝကြီးတယောက်ပုံစံပြောင်းသွားပါတော့တယ်။ အခု သူဟာကမ္ဘာကြီးနဲ့ သမီးလေးကို ဘယ်လိုကယ်တင်မလဲဆိုတာ Comedy ဆန်ဆန် Short animeအနေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ တော်တော်လေးကို အူတက်အောင် ရယ်ရတဲ့ကားလေးဖြစ်ပါတယ်