• Home
  • Hentai
  • Discord
  • About
  • Policy
  • DMCA

[MMAnime] Great Pretender : GREAT PRETENDER

  • 7.9
  • Comedy
  • Season 1
  • 2020
[MMAnime]

2020 Jun 2 မှာစတင်ထွက်ရှိထားတဲ့ Netflix ရဲ့ ONA အမျိုးအစား anime series တခုပဲ ဖြစ်ပါတယ်။ ဒီ anime ကို တာဝန်ယူ animate ထားတာကတော့ Attack on Titan, Vinland Saga တို့လို anime တွေရဲ့ ဖန်တီးရှင် WIT studio ကပဲဖြစ်ပါတယ်။ WIT studio ရဲ့ original anime ဖြစ်ပြီး Episode 23 ခုထိ ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့... Adamura Makoto ဆိုတဲ့ ငတိဟာ သူကိုယ်သူ ဂျပန့်ထိပ်သီး လူလိမ်အဖြစ်သတ်မှတ်ပြီး ဘယ်သူကိုမဆိုလှည့်စားနိုင်တယ်လို့ စိတ်ကြီးဝင်နေသူပါ။ ဒါမဲ့ တနေ့မှာတော့ Laurent ဆိုတဲ့ပြင်သစ်လူ Tourist တယောက်ကို လှည့်စားမိရာကနေ ငါးဂျင်းဆီနဲ့ ငါဂျင်းအကြော်ခံရပြီး သူပဲ ပြန်အလိမ်ခံလိုက်ရပါတယ်။ အမှန်တော့ Laurent ဟာ 'Confidence man' ဆိုတဲ့ လူလိမ်အကြီးစားဖြစ်နေတာကို Adamura မသိလိုက်ပါဘူး။ အဲ့နောက်ပိုင်း Adamura ဟာ အကြောင်းအမျိုးမျိုးကြောင့် Laurent နဲ့ ပါသွားပြီး Laurent ရဲ့ Mafia တွေနဲ့ဆက်နွယ်နေတဲ့ lv အမြင့်စား လိမ်လည်မှုတွေမှာ ဝင်ပါလာရပါတော့တယ်။ Laurent တယောက်ဘယ်လိုလှည့်ကွက်တွေ နဲ့ဘယ်လိုတွေ လှည့်စားသွားမလဲ Edamura အတွက်ကော ဘယ်လို ကံကြမ္မာမျိုးတွေ ကစောင့်နေမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်