• Home
  • Hentai
  • Discord
  • About
  • Policy
  • DMCA

[MMAnime] Mononoke : Mononoke

  • 10
  • Romance
  • 1
  • 2000
[MMAnime]

Toei Animation ကနေဖန်တီးထားတဲ့လက်ရာဖြစ်တာကြောင့်သေချာပေါက်ကောင်းတဲ့ Anime ဇာတ်လမ်းတွဲလေးတစ်ကားဖြစ်မှာသေချာပါတယ်Mononoke ဆိုတဲ့ကားလေးကိုတကယ့်နာမည်အတိုင်းAnime လောကထဲကငုပ်လျိုးနေတဲ့ အဖိုးတန်ကျောက်မျက်ရတနာအဖြစ်ကြည့်ပြီးပြီဆိုရင်တော့ယူဆမိလောက်ပါတယ်အသက်ရှူမှားလောက်တဲ့မြင်ကွင်းတွေ,ရှုပ်ထွေးတဲ့ဇာတ်အလှည့်အပြောင်းနဲ့ကာရိုက်တာတွေ,ဇာတ်လမ်းထဲကစိတ်ဝင်စားစရာကောင်းတဲ့နောက်ခံမြင်ကွင်းချောက်ချားဖွယ်ဇာတ်လမ်းမျိုးကိုမှဆန်းသစ်ထားတာတွေ,အရောင်အသွေးစုံလင်တောက်ပစွာရောယှက်ဖန်တီးထားတဲ့လက်ရာတွေကိုဒီ Anime ဇာတ်လမ်းတွဲလေးမှာရှူစားရမှာဖြစ်ပါတယ်Mononoke ဆိုတဲ့ကားလေးဟာ Kusuriuri လို့အမည်ရပြီးဂမ္ဘီရပညာမှာကျွမ်းကျင်တဲ့ထူးထူးဆန်းဆန်းလူတစ်ယောက်ရဲ့အဆုံးမရှိမဲ့ခရီးအပေါ်မှာဇာတ်အိမ်တည်ထားတယ်လို့ပဲပြောရပါမယ်Kusuriuri ဟာမြေရှင်ပဒေသရာဇ်ခေတ်ဂျပန်နိုင်ငံအနှံ့ကိုလျှောက်သွားပြီးMononoke လို့ခေါ်တဲ့ဆန်းကြယ်သတ္တဝါတွေကိုသူ့ရဲ့အစွဲချွတ်တဲ့ဓားနဲ့လိုက်ပြီးချေမှုန်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်Mononoke တွေဟာလူသားတွေရဲ့ပြင်းထန်တဲ့ခံစားချက်တွေ,မလွတ်မြောက်နိုင်တဲ့အတိတ်ကစိတ်ဒဏ်ရာတွေ,မပြေလည်တဲ့ကိစ္စတွေ,သဘာဝမဆန်တဲ့သေဆုံးမှုတွေကနေဖြစ်တည်လာကြတာပဲဖြစ်ပါတယ်Mononဝke တစ်ကောင်ချင်းစီမှာလက်စားချေလိုစိတ်,ဒေါသ,ဝမ်းနည်းမှုစတဲ့မတူညီတဲ့ဆန္ဒတွေရှိပြီးအဲ့ဆန္ဒတွေကြောင့်ပဲသူတို့ဟာသူတို့လမ်းမှာရှိသမျှလူသားတွေများစွာကိုသတ်ဖြတ်လေ့ရှိကြပါတယ်Kusuriuri ဟာအဲ့လို Mononoke တွေကိုလိုက်လံသုတ်သင်နေပြီးဘာကြောင့်ဒီလိုလိုက်သတ်နေရတာလဲ?Mononoke တွေကိုရောအပြီးသတ်သုတ်သင်နိုင်ပါ့မလားဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်

Genres

Romance Fantasy