[MMAnime] Deadman Wonderland :
- 7.2
- Action
- Season 1
- 2007
![[MMAnime]](https://justanimehype.com/wp-content/uploads/2021/10/deadman-wonderland-16-1-1024x589.jpg)
ကိုmangaအဖြစ်Jinsei Kataokaကရေးသားခဲ့ပြီးKazuma Kondōကanimationအဖြစ်ဖန်တီးပုံဖော်ခဲ့ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ တစ်ချိန်ကဂျပန်မှာငလျင်ကြီးတစ်ခုအကြီးအကျယ်လှုပ်လိုက်တဲ့အခါဂျပန်ရဲ့မြို့တော်တိုကျိုဟာအပျက်အစီးတွေများခဲ့ပြီးမြို့ရဲ့၄ပုံ၃ပုံဟာပယ်လယ်အောက်ကိုနစ်မြုပ်ခဲ့ပါတယ်။နောက်ဆယ်နှစ်ကြာတဲ့အခါမှာတော့ နာဂါနိုအလယ်တန်းကျောင်းမှပညာသင်ကြားနေတဲ့သာမန်ကျောင်းသားလေး ဂန်တာ အီဂါရာရှိဆီမှာထူးဆန်းတာတွေစဖြစ်လာတော့တယ်။ဂန်တာဟာအဲ့သဘာဝကပ်ဆိုးကြီးဖြစ်ခဲ့တဲ့မကောင်းတဲ့မှတ်ဥာဏ်တွေမရှိဘဲသာမာန်ဘဝလေးနဲ့ဘဲနေထိုင်ခဲ့တယ်။တစ်ရက်မှာတော့သွေးတွေပတ်လည်ဝိုင်းထားပြီးအနီရောင်ဝတ်စုံကိုဝတ်ထားတဲ့အနီရောင်လူကြီးဟာ ဂန်တာကလွဲပြီးကျန်တဲ့လူတွေအားလုံးကိုသတ်ပစ်ခဲ့တယ်။ပြီးတော့ဂန်တာရင်ဘက်ထဲကိုလည်းအနီရောင်ကျောက်တစ်ခုကိုထည့်ခဲ့တယ်။ဒီလိုအစုလိုက်အပြုံလိုက်အသတ်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး ဂန်တာဟာသူ့သူငယ်ချင်းတွေကိုပြန်သတ်ပါတယ်ဆိုပြီး သက်သေအတုတွေနဲ့စွပ်စွဲခဲ့တယ်။Deadman Wonderlandလို့ခေါ်တဲ့မရဏစံအိမ်အကျဥ်းထောင်ကြီးကိုပို့ခဲ့ကြတယ်။အဲ့မရဏစံအိမ်ကြီးဟာဘယ်လောက်ကြောက်စရာကောင်းပြီးအချင်းချင်းပြန်လည်သတ်ရတဲ့ပြိုင်ပွဲတွေ သာမာန်ကျောင်းသားလေးဂန်တာဟာဘယ်လိုအသက်ရှင်ဖို့ရုန်းကန်ရလဲဆိုတာ အခုဘဲကြည့်လိုက်ကြပါဦးဗျ ကြည့်ပြီးသားလူတွေလည်း ဒီကားလေးကိုပြန်လည်အမှတ်ရလာအောင်ပြန်ကြည့်သင့်ပါတယ်လို့ characterတွေကrealityဆန်တာကြောင့် ဒီanimeဟာကျွန်တော်အကြိုက်ဆုံးanimeတစ်ခုဖြစ်တဲ့အထိကြိုက်ပါတယ်