• Home
  • Hentai
  • Discord
  • About
  • Policy
  • DMCA

[MMAnime] Problem Children Are Coming from Another World, Aren't They : Mondaiji-tachi ga Isekai kara Kuru Sou Desu yo

  • 7.48
  • Action
  • Season 1
  • 2022
[MMAnime]

ဒီဇာတ်လမ်းလေးက No game no life fan တွေအကြိုက်တွေ့စေမဲ့ကားတစ်ခုပါ။ No game no life နဲ့တူတဲ့အချက်တွေက ကစားပွဲမှာအနိုင်ယူပြီး လိုချင်တာတွေအရယူတာနဲ့ နောက်တစ်ချက်က season-2 ဘယ်တော့မှန်းမသိတာပါ ဒီဇာတ်လမ်းမှာဆိုရင် Sakamaki Izayoi လို့အမည်ရှိတဲ့ကောင်လေးတစ်ယောက်ကို ထူးဆန်းတဲ့စာတစ်စောင်ရောက်လာတာကနေ အစပြုထားပါတယ်။ အဲ့ဒီစာအိတ်ကထူးဆန်းတဲ့အစွမ်းရှိသူတွေ၊ ဒီကမ္ဘာကြီးထဲမှာနေထိုင်ရတာကိုပျင်းနေတဲ့သူတွေအတွက်ကိုယ်ရည်သွေးလို့ရမယ့် နေရာတစ်ခုကိုခေါ်သွားပေးမယ့်စာအိတ်ဖြစ်ပါတယ်။ အဲ့ဒီစာအိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့စာအိတ်ဖွင့်လိုက်သူက Little Garden ဆိုတဲ့ကမ္ဘာထဲကိုအလိုအလျောက်ရောက်သွားမှာဖြစ်ပါတယ်။ အဲ့ကမ္ဘာမှာက စွမ်းအားရှိတဲ့သူက လိုချင်တာကို Gift game တွေမှာ အလောင်းကစားလုပ်ပြီးအရယူတတ်ကြပါတယ် Izayoi လိုမျိုး Kudou Asuka နဲ့ Kasukabe You တဲ့ကောင်မလေးနှစ်ယောက်နဲ့ဆုံမိကြပါတယ်။ သူတို့သုံးယောက်က Little Garden ရဲ့အရှေ့ဘက်က အင်အားချိနဲ့နေတဲ့ Black Rabit (Kurouzaki) ရဲ့ No-name ဖြစ်နေတဲ့ အဖွဲ့အစည်းထဲကိုဝင်လိုက်ကြပြီး lzayoi နဲ့ ကောင်မလေး‌သုံးယောက်တို့အတူတူ Little Garden ရဲ့ စွန့်စားခန်းတွေကို ဟာသဆန်ဆန်ကြည့်ရှူရမှာဖြစ်ပါတယ်

Genres

Action Comedy