• Home
  • Hentai
  • Discord
  • About
  • Policy
  • DMCA

[MMAnime] The Millionaire Detective — Balance: UNLIMITED :

  • 7.5
  • Comedy
  • Season 1
  • 2020
[MMAnime]

"ဒီanimeရဲ့ဇာတ်လမ်းကိုစပြီးအခြေပြုထားတာက ရဲမှုခင်းတွေကနေပေါ့။ဒီထဲမှာတချို့ရဲတွေဟာ တရားမျှတမှုအတွက်ဆိုရင်ငွေမရရုံကလို့ ဘာပဲဖြစ်နေဖြစ်နေ အသက်ကိုစွန့်ပြီးတိုက်ပွဲဝင်ပေးမယ့်သူတွေပါ။တချို့သောရဲတွေကတော့ တရားမျှတမှုဆိုတာပါးစပ်ကနေထွက်ပြီး လေထဲမှာပျောက်သွားတဲ့အချိန်လောက်တောင်ကြာရှည်မခံဘူးတဲ့။ဘဝမှာ တရားမျှတမှုထက်အရေးကြီးတာကငွေ ဘက်လိုက်မှု စသဖြင့်ပေါ့။ငွေရရင်ပြီးကောတရားမျှတတ မမျှတတ ဂရုမစိုက်တဲ့ရဲတွေလို့ဆိုရမှာပေါ့။အဲ့ဒီမှာမှအဓိကmain characterတစ်ယောက်ဖြစ်တဲ့သာမန်စုံစမ်းထောက်လှမ်းရေးအဆင့်သာရှိတဲ့သူ့ရဲ့အဆင့်ကသာမန်စုံထောက်တစ်ယောက်ဖြစ်နေရခြင်းကတော့သူဟာ တစ်ချိန်ကပထမတန်းစားစုံထောက်တစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမယ့် သူ့ရဲ့ခံယူချက်တွေနဲ့ကွဲလွဲမှုကြောင့်သူ့ကိုရာထူးကနေလျှော့ချလိုက်တာပါ။စုံထောက် Haru Kato ရဲ့ခံယူချက်ကတော့နေရာတိုင်းမှာတရားမျှတမှုနဲ့စည်းကမ်းဆိုတာရှိရမယ်တရားမျှတမှုမရှိပဲ စည်းကမ်းကိုဖောက်ဖျက်တဲ့သူဟာဥပဒေကချမှတ်ထားတဲ့ အပြစ်အလျောက်ပြန်ပေးဆပ်ရပါမယ် ဆိုတဲ့စုံထောက်တစ်ယောက်ပါ။နောက်ထပ်main characterတစ်ယောက်ကတော့စုံထောက် Daisuke Kambe ပါသူကတော့ခုနကစုံထောက် Haru Kato နဲ့လုံးဝကိုဆန့်ကျင်ဘက်လို့ပြောလို့ရပါတယ်။ဒါပေမယ့်ဆန့်ကျင်ဘက်လို့ပြောပေမယ့်တချို့ရဲတွေလိုငွေမက်တဲ့သူမျိုးတော့မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ သူ့မှာရေလိုလေလိုအပေါဆုံးကငွေဖြစ်နေလို့ပါပဲ။အရာရာကိုငွေနဲ့ဖြေရှင်းတယ်။ ငွေရှိရင်အားလုံးပြီးတယ်လို့ခံယူထားတဲ့တစ်ယောက်။မှုခင်းတစ်ခုကိုသူလိုက်ပြီဆိုရင်ပြည်သူ အရပ်သား ရဲ စုံထောက် ဘယ်သူ့ကိုမှသူထည့်မတွက်ပါဘူး။သူရဲ့အရေးကြီးတဲ့အဓိကဦးတည်ချက်ဖြစ်တဲ့ မှုခင်းထဲကရာဇဝတ်ကောင်ကိုပဲအသေအကြေလိုက်ပါတယ်။ဖြစ်လာသမျှအကျိုးဆက်နဲ့နစ်နာကြေးအားလုံးကိုငွေနဲ့ပေါက်ပြီးဖြေရှင်းတဲ့စုံထောက်တစ်ယောက်ပါ။ဒီမှာဇာတ်လမ်းကစပါပြီ။တရားမျှတမှုကိုမြတ်နိုးတယ်။ဥပဒေရဲ့အထက်မှာဘယ်သူမှမရှိစေရဘူးလို့ခံယူထားတဲ့စုံထောက် Haru Kato ဟာ အရာရာကိုပေါ့ပေါ့တန်တန်နဲ့ဘယ်ကိစ္စမဆို ငွေနဲ့ပေါက်ပြီးဖြေရှင်းနေတဲ့စုံထောက်Daisuke Kambeကိုဘယ်လိုမှကြည့်လို့မရပါဘူး။ဖြစ်ချင်တော့သူတို့နှစ်ယောက်ဟာရာထူးတစ်ခုထဲမှာနှစ်ယောက်အတူတူတွဲလုပ်ရမှာပါ။အရာရာမှာဆန့်ကျင်ဘက်ဖြစ်နေတဲ့သူတို့နှစ်ယောက်ခက်ခဲကြမ်းတမ်းတဲ့အမှုတွဲတွေကိုဘယ်လိုဖြေရှင်းကြမလဲ။မျဉ်းပြိုင်နှစ်ကြောင်းကတစ်နေရာရာမှာဆုံမှတ်ရှိနိုင်ပါ့မလား... Translated by Kan San Encoded by Shine Bo Bo Latt

Genres

Comedy Mystery