• Home
  • Hentai
  • Discord
  • About
  • Policy
  • DMCA

[MMAnime] Ranking of Kings : Ousama Ranking

  • 10
  • Romance
  • 1
  • 2000
[MMAnime]

Studio wit (attack on titan s1-3)ရဲ့လက်ရာလေးဖြစ်တဲ့ ဒီဂျပန်ကာတွန်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ ဒီကာတွန်းကို ဘာသာပြန်တဲ့အဖွဲ့တွေလည်းရှိလို့အစကမတင်တော့ဘူးလုပ်ပေမဲ့ AKMအဖွဲ့နဲ့POအဖွဲ့အမှတ်တရလေးဖြစ်အောင် တွဲတင်ဖို့ရယ်၊ websiteမှာလည်း တင်တာမတွေ့သေးလို့တင်ချင်တာရယ်ကြောင့် ဘာသာပြန်တင်ဆက်ပေးလိုက်တာပါ။ ဒီကာတွန်းလေးကို လူတွေ ကြည့်လည်းသိပ်မကြည့်ကြသလို ရှိမှန်းတောင်မသိဘူးဖြစ်နေကြတဲ့ကွက်ကျော်ကာတွန်းပါ။ မကောင်းလို့လားဆိုတော့ မကောင်းလို့မဟုတ်ပဲ ကာတွန်းဆွဲထားပုံက အရမ်းကိုရိုးရှင်းပြီး ကာတွန်းဆန်လွန်းအားကြီးနေတာမလို့ပဲ ကျနော်ကတော့ထင်ပါတယ်။ ကာလသားကြိုက် oppai အကြီးကြီးတွေလည်းမပါသလို၊ လုံမပျိုတွေအကြိုက် စောက်ရမ်းcoolဖြစ်တဲ့ပုံစံမျိုးသကောင့်သားတွေလည်းမပါလို့မကြည့်ကြတာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းဦးစားပေးမယ်။ ကလေးဘဝတုန်းကလို ပုံပြင်ကောင်းလေးတပုဒ်ကိုစီးမျောချင်တယ်ဆိုရင်တော့ ကြည့်ကိုကြည့်ရမယ့်စီးရီးလို့ညွှန်းချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုတိုတိုတုတ်တုတ်ပြောရရင်မင်းသားက ဘုရင်ရဲ့သားကြီးဒါပေမဲ့ ဆွံ့အနားမကြားဖြစ်နေတဲ့အပြင်ခွန်အားအရာမှာလည်း ကလေးတယောက်ကိုတောင် အနိုင်မယူနိုင်တဲ့အခြေအနေဖြစ်နေသူပါသားကြီးဖြစ်တဲ့မင်းသားဟာ ထီးနန်းရခွင့်ရှိပေမယ့် ထီးနန်းရဖို့ကိုမျိုးစုံကြုံတွေ့ရတဲ့ဇာတ်လမ်းပါဇာတ်လမ်းကျောရိုးကရိုးရှင်းပေမယ့်Plot twistတွေလျှို့ဝှက်ချက်တွေခန့်မှန်းလို့လုံးဝမရတဲ့ဇာတ်အသွားမျိုးတွေကြောင့်ကျနော်ကတော့ တပတ်တခါထွက်တိုင်းကြည့်ဖြစ်ပါတယ်စစချင်းကြည့်တုန်းကတော့အပိုင်း၂လောက်အထိဆွဲထားတဲ့ပုံတွေကိုသည်းခံပြီးကြည့်ရတာဗျအပိုင်း၃လောက်ကစပြီးဇာတ်ကောင်တွေကိုသံယောဇဉ်တွယ်သွားမိတဲ့အပြင်အချိန်ပေးရတာတန်သဟဆိုပြီးမျောသွားမိစေတဲ့စီးရီးပါRatingတွေကတော့IMDb 9.3/10MyAnimeList 8.9/10ရထားပါတယ်ကျနော်ကတော့ 9/10ပေးပါတယ် Staff Translation Dr Nyan Karaoke Templating Min Typesetting & Encoding Min Khant Zaw

Genres

Romance Fantasy