• Home
  • Hentai
  • Discord
  • About
  • Policy
  • DMCA

[MMAnime] To Your Eternity : Fumetsu no Anata e

  • 8.39
  • Adventure
  • Season 1
  • 2022
[MMAnime]

မသေမျိုးသူရဲကောင်းတစ်ယောက်ကရှင်သန်ရခြင်းရဲ့အဓိပ္ပါယ်ကိုရှာဖွေနေတဲ့ဇာတ်လမ်းလေးပေါ့..... တစ်ချိန်ကorbဆိုတဲ့အရာတစ်ခုကမ္ဘာပေါ်ကိုကျရောက်လာခဲ့တယ် "It"ဆိုတဲ့ဘာမှန်းမသိတဲ့အရာတစ်ခုထွက်ပေါ်လာတယ် သူ့မှာအစွမ်းနှစ်မျိုးရှိပါတယ် ဘယ်ဟာမဆိုရဲ့ပုံစံအတိုင်းအဲ့အရာဟာပြောင်းလဲနိုင်သလို သေခြင်းတရားဆိုတာလည်းအဲ့အရာမှာမရှိပါဘူး အဲ့အရာဝတ္ထုကလုံးဝန်းတဲ့ပုံစံကနေကျောက်ခဲသဏ္ဍာန်ပြောင်းသွားတယ် နောက်တော့ဝံပုလွေအသွင်ပြောင်းသွားတယ် နောက်ဆုံးကောင်လေးတစ်ယောက်အသွင်ပြောင်းသွားတယ် မွေးကင်းစကလေးတစ်ယောက်လိုပဲခြေဦးတည့်ရာလျှောက်သွားနေခဲ့တယ် သူဟာလူဖြစ်လာတဲ့အလျောက်သူ့အနေနဲ့နာမည်တစ်ခုပေးလိုက်တယ် သူ့နာမည်က Fushi တဲ့ သူဟာလူတွေနဲ့အနေကြာလာတာနဲ့အမျှ အသက်ရှင်ရပ်တည်နိုင်အောင်ဘယ်လိုမျိုးနေထိုင်ရမလဲဆိုတာသာမက သူဟာလူသားတစ်ယောက်အဖြစ်နဲ့ပါနေထိုင်တတ်လာတယ် ဒါပေမယ့်သူ့ရဲ့ဘဝခရီးဟာ အဖျက်သမား Nokker ကြောင့်အမှောင်ဖုံးသွားခဲ့ရပြီးသူချစ်ရတဲ့လူတွေနဲ့လည်းခွဲခွာခဲ့ရတယ် ဒါပေမယ့်လည်းသူ့ရဲ့အဆုံးမရှိတဲ့ပဟေဠိတွေအတွက် သူဟာဇွဲရှိရှိနဲ့ပဲနာကျင်မှုတွေကိုကြံ့ကြံ့ခံပြီးလျှောက်လှမ်းတဲ့အခါ ဘယ်လိုအခက်အခဲတွေကြုံရမလဲဆိုတာကိုတော့.... စောင့်မျှော်ကြည့်ရှုကြပါခင်ဗျာ

Genres

Adventure Drama