• Home
  • Hentai
  • Discord
  • About
  • Policy
  • DMCA

[MMAnime] The Legend of the Galactic Heroes: Die Neue These : Ginga Eiyuu Densetsu: Die Neue These - Kaikou

  • 7.73
  • Action
  • Season 1
  • 2022
[MMAnime]

ဒီ Anime ဟာ 1988 က ထွက်ခဲ့တဲ့ Legend of Galactic Heroes ကို Remaster လုပ်ထားတဲ့ anime ပဲဖြစ်ပါတယ်။ မူလ Anime ဟာ My anime list မှာ Rating 9.1/10 အထိရထားပြီးတော့ Remastered Version ကတော့ 7.7\10 အထိ ရရှိထားပါတယ်။ ဒီ Remastered Version မှာ အသုံးပြုထားတဲ့ Opening, Ending song တွေဟာ ဆရာ Sawano Hiroyuki ရေးသားထားတဲ့ Masterpiece တွေဖြစ်သလို ဒီ Anime ဟာလည်း ပုံမှန်မြင်နေကြဖြစ်တဲ့ Over Friendship, Sudden Power up, Drama စတာတွေမပါပဲ နိုင်ငံရေးအရှုပ်အရှင်းတွေ၊ သက်ဦးဆံပိုင်စနစ်နဲ့ ဒီမိုကရေစီစနစ်ကြားမတူညီမှုတွေ၊ မြောက်များစွာသောနိုင်ငံရေးလှည့်ကွက်တွေကို ကိုင်တွယ်ဖြေရှင်းပုံတွေနဲ့ အမျိုးမျိုးအထွေထွေသော သူရဲကောင်းတို့ရဲ့ဇာတ်လမ်းတွေကို မြင်တွေ့ခံစားရမှာပဲဖြစ်တဲ့ တစ်ကယ်ကိုကောင်းတဲ့ underrated Gold anime တစ်ခုပဲဖြစ်ပါတယ်။Legend of the Galactic Heroes ဟာ 1982–87 အတွင်း Yoshiki Tanaka ရေးသားထုတ်ဝေခဲ့တဲ့ novel ဆယ်ခုကို လုပ်ထားတဲ့ Series ပဲဖြစ်ပါတယ်။ ဒီ Novel တွေဟာ the best long-form Japanese science fiction Seiun Award ကို1988 ခုနှစ်မှာ ရရှိခဲ့ပါတယ်။အနှစ်ချုပ် အင်အားကြီးနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ Galactic Empire နဲ့ Free Planets Alliance တို့ဟာ နှစ်ပေါင်း ၁၅၀ လောက်ကြာအောင် စစ်ခင်းနေခဲ့ကြပါတယ်။ Galactic Empire မှ စစ်ရေးစစ်ရာမှာတစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ဉာဏ်ကြီးရှင် Reinhard von Lohengramm နဲ့Free Planets Alliance မှ သမိုင်းပညာရှင် Yang Wen-li တို့လို မျိုးဆက်သစ်တွေ ပေါ်ပေါက်လာတဲ့အခါမှာတော့ ထိုစစ်ပွဲကြီးဟာ အဆုံးသတ်ဖို့အချိန်ကျရောက်လာပါတော့တယ်။ Reinhard ဟာ သူရဲ့ငယ်သူငယ်ချင်းဖြစ်တဲ့ Siegfried Kircheis နဲ့အတူ Goldenbaum မင်းဆက်ကိုဖြုတ်ချပြီး ဧကရာဇ်ဖြစ်နိုင်အောင်ကြိုးစားနေခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဒီမိုကရေစီ Strong supporter တစ်ယောက်ဖြစ်တဲ့ Yang Weng-li ဟာ သက်ဦးဆံပိုင်စနစ်ဟာ စနစ်ကောင်းမဟုတ်ကြောင်း ယုံကြည်ထားသူ ဖြစ်ပါတယ်။ အတွေးအမြင်တွေမတူကြပဲ စစ်တွေဖြစ်ကြရင်း ကာလကြာရှည်လာတဲ့စစ်ပွဲကြောင့် ဆုံးရှုံးမှုတွေများပြားလာတဲ့ အခါမှာ ဉာဏ်ကြီးရှင်နှစ်ယောက်ဟာ သူတို့တိုက်ခိုက်နေရတဲ့စစ်ပွဲကြီးကို ပြန်လည်သုံးသပ်ဖို့ ဖြစ်လာပါတော့တယ်။

Genres

Action Drama