[MMAnime] One-week Friends : Isshuukan Friends
- 10
- Romance
- 1
- 2000
![[MMAnime]](https://s1.zerochan.net/Isshuukan.Friends..600.1706797.jpg)
အသက် ဆယ့်ခြောက်နှစ်အရွယ် Yuuki Hase တစ်ယောက် သူ့ crush လေးကိုသတ္တိမွေးပြီး သူ့သူငယ်ချင်းဖြစ်ချင်ကြောင်း သွားဖွင့်ပြောလိုက်တယ်။ တစ်ယောက်တည်း တိတ်တဆိတ်သီးသန့်နေတတ်တဲ့ Kaori Fujimiya ဟာ လူအများကိုရှောင်ဖယ်ကာ ငြင်းပယ်ခဲ့သလို သူ့ကိုလဲလူပိုတစ်ယောက်အဖြစ် ငြင်းဆန်ခဲ့တယ်။နေ့လည်စာစားချိန်မှာ Yuuki ဟာ နေ့လည်စာအတူစားဖို့ သူမနေ့လည်စာစားနေကျ အမိုးထပ်မှာသွားသွားရှာတယ်။ ဒီလိုနဲ့သူတို့နှစ်ယောက် အချိန်တွေအများကြီးကုန်ဆုံးစေပြီးတဲ့နောက် သူမနဲ့အရင်ကထက် ရင်းနှီးလာခဲ့တယ်။ သို့သော်လဲ ရက်သတ္တပါတ်ကုန်ဆုံးခါနီးလာတဲ့အခါ သူ့ကိုရှောင်ဖယ်ရှောင်ဖယ် လုပ်လာတော့တယ်။ Kaori ကသူဒီလိုလုပ်နေရတာကလဲ ရက်သတ္တပါတ်ကုန်ဆုံးသွားတဲ့အခါ သူမရဲ့မိသားစုကလွဲလို့ သူမနဲ့နီးစပ်ခဲ့တဲ့သူတွေနဲ့ပါတ်သက်တဲ့ အမှတ်တရတွေဟာ တနင်္လာနေ့တိုင်း ပျောက်ကွယ်ကုန်လို့ဖြစ်ကြောင်း သူ့ကိုဖွင့်ပြောခဲ့တယ်။ အလယ်တန်းတုန်းက ဖြစ်ခဲ့တဲ့မတော်တဆဖြစ်ရပ်တစ်ခုကြောင့် တစ်ခါတုန်းကလူချစ်လူခင်ပေါများပြီး ကြင်နာတတ်တဲ့ Kaori ဟာ သူချစ်ခင်ရတဲ့သူတွေခံစားရမှာကိုတွေးပြီး အခုဆိုသူငယ်ချင်းလက်ခံဖို့ကို ကြောက်ရွံ့နေခဲ့တယ်။</div>တစ်ပတ်ထက်မကတဲ့သူငယ်ချင်းဖြစ်လာဖို့ ဆုံးဖြတ်ခဲ့တဲ့ Yuuki ဟာ တနင်္လာနေ့တိုင်းသူမကို တူညီတဲ့မေးခွန်းပဲမေးခဲ့တယ်။ ငါ့ကိုသူငယ်ချင်းအဖြစ်လက်ခံပါ ဆိုပြီးတော့ပေါ့။ ဘာလို့ဆိုတော့ Kaori ဟာသူများတွေထက် သူငယ်ချင်းပိုလိုချင်ခဲ့မှန်း သူသေသေချာချာကိုသိလို့ပါပဲ။ အဲဒီနောက်မှာတော့.......My Anime List ၏ အမြည်းစာသားကို ကိုးကားထားသည်LazyAss